iMyanmarHouse.com - Best Property Website for Myanmar
×














မိစန္ဓီဟာ သင်္ကြန်အပြီး မေလထဲမှာ အမေရိကားကို ၁လကြာ ဖျော်ဖြေရေး သွားမယ်လို့သိရတာကြောင့် သူမနဲ့တွေ့ဆုံခိုက် သင်္ကြန်အပြီး ဂီတလှုပ်ရှားမှုတွေနဲ့ သင်္ကြန်ဘယ်မှာရှိမလဲဆိုတာ မေးမြန်းကြည့်မိတဲ့အခါ "သင်္ကြန်က ပြည်လမ်းပေါ်က ၂၀၁၅ 4TV ကလုပ်တဲ့ မဏ္ဍပ်ပေါ့။ Cocacola က စပွန်ဆာပေးထားတာပါ။ အဲ့ဒီ မဏ္ဍပ်မှာ ရှိပါမယ်။ မိစန္ဒီ ဒီနှစ်သင်္ကြန်ဖက်ရှင်အနေနဲ့ ရောင်စုံကိုမှ ဘောင်းဘီတိုလေးတွေ၊ ဘောင်းဘီစကလေးတွေ စီစဉ်ထားတယ်။ အမှတ်တရ အနေနဲ့ကတော့ သင်္ကြန်မှာ သီချင်းစဆိုတဲ့အချိန် ရန်ကုန်က မဏ္ဍပ်ထိုင်တုန်းက၂ ရက် သီချင်းဆိုတယ်။ ၂ ရက်မဏ္ဍပ်ထိုင်တယ်။

အဲ့ဒီနှစ်က H2O မှာ ဗုံးပေါက်တဲ့ နှစ်နဲ့သွားကြုံတယ်။ နှစ်မဏ္ဍပ် အကျော်လောက်ပဲ ရှိတယ်။ ဗုံးဆို အသံကြားပြီး လူတွေကသွေးတွေနဲ့ထွက်ပြေးလာတယ်။ ဘာဖြစ်မှန်းလဲ မသိဘူး။ ကိုယ်တွေလဲ ဘယ်ပြေးရမှန်းမသိဘူး။ အဲ့ဒါလေးကတော့ အမှတ်တရပဲ။ ဘာလို့လဲဆိုတော့ ဘယ်ပြေးရမှန်းမသိပဲ ကြောက်ခဲ့ရလို့ပါ။ သင်္ကြန်ကိုသီချင်းဆိုပြီးဖြတ်သန်းတာ ၆ နှစ်မြောက်ရှိပါပြီ။ သင်္ကြန်ကို တစ်ယောက်တည်းပဲဖြတ်သန်းဖြစ်တယ်။ ပရိသတ်တွေကို ဖျော်ဖြေရင်းနဲ့ပေါ့။ ခုထိလဲ တစ်ယောက်တည်းပါပဲ။"လို့ သူမက ပြောပြပါတယ်။

ပစ်တိုင်းထောင် အမ်တီဗီနဲ့ ပတ်သက်ပြီး သူမ ပြောသွားတာက "တစ်ဝက်ကျော်လောက်တော့ပြီးနေပါပြီ။ ဒါပေမဲ့ မိစန္ဒီတို့ မေလကျရင် အမေရိကားသွားရမှာဆိုတော့ ရိုက်ရမှာတွေ၊ စီစဉ်ရမှာတွေရှိသေးတော့ ဇူလိုင်လောက်မှပဲ ဖြစ်ပါလိမ့်မယ်။ ကြားထဲမှာ စောင့်နေရမဲ့ ပရိသတ်တွေအတွက် ကြားထဲမှာ မိစန္ဒီရဲ့ အမ်တီဗီတစ်ပုဒ်ကို ပရိသတ်တွေကို နှစ်သစ်ကူး လက်ဆောင်အနေနဲ့ You Tube မှာ တင်ပေးမယ်။ ပစ်တိုင်းထောင်ကတော့ ဂျူလိုင်မှာထွက်မှာပါ။ တင်ပေးမဲ့ သီချင်းက ရစ်လုံးဖြစ်ဖို့များပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီသီချင်းလေးကို မိစန္ဒီတို့ ၄ ရက်ရိုက်ရတယ်။

 တော်တော်လေးလဲ ဆန်းတယ်။ အရမ်းကို ကွဲထွက်နေအောင်သရုပ်ဆောင်ထားတယ်။ သက်စွန့်ဆံဖျားနဲ့ သစ်ပင်တွေပေါ်လဲ တက်ထားတယ်။ ပရိသတ်ကြီးလဲကြိုက်မယ် ထင်ပါတယ်။ ဒါရိုက်တာတွေကတော့ ကိုဝင်းလွင်ထက်၊ကိုမောင်မောင်သာမြင့်၊ အောင်ခန့်ကျော် ၊ ကိုအောင်မြတ်၊ မဘရဏီတို့နဲ့ လဲရိုက်ဖို့စီစဉ်ထားပါတယ်။ သရုပ်ဆောင်အနေနဲ့က မိစန္ဒီပါမယ်။ ကိုထွန်းကိုကို၊ အလင်းရောင်၊ နှင်းယမုံဦး၊ နီနီခင်ဇော်၊ ရဲရင့်အောင်၊ကိုနေတိုးလဲပါမယ်။ တခြားလူတွေကတော့ မသေချာသေးပါဘူး။ ကိုနေတိုးနဲ့က အရူးအမူးဆိုတဲ့ သီချင်းကိုရိုက်မှာပါ။ ကျေးကျွန်ကို ရိုးရိုးလေးနဲ့ဆန်းဆန်းလေးဖန်တီးထားပါတယ်။ အပုဒ်တိုင်းကို ဇာတ်လမ်းပုံစံမရိုက်ဘူး။ ပရိသတ်တွေကြည့်ရတာ အီသွားမှာစိုးလို့ပါ"တဲ့။

မိစန္ဓီဟာ မေလမှာ အမေရိကား ၁လသွားရမှာမို့ အဲ့ဒီမတိုင်ခင်မှာ အမ်တီဗီတွက် အချိန်ပေးဖြစ်တာလို့ ဆိုပါတယ်။ "အမေရိကားက မေ ၆ လောက်စထွက်ဖြစ်မယ်ထင်တယ်။ ဗီဆာတောင် ခုမှ ၀င်မှာပါ။ အ၀တ်အစားနဲ့ သီချင်းကို လိုက်ဖက်အောင် စီစဉ်နေတယ်"လို့ပြောပြခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top