iMyanmarHouse.com - Best Property Website for Myanmar
×














အနုပညာ သက်တမ်း နှစ်နှစ်ကျော်အတွင်းမှာ ဇာတ်ကားပေါင်း ၃၀ ကျော်ရိုက်လာရပြီး ပရိသတ် အားပေးလက်ခံမှု တစ်ခုကို ရရှိပိုင်ဆိုင်ထားတဲ့အပြင် ခေတ်မီဆန်းသစ်တဲ့ ဖက်ရှင်အမြင်ကို ပိုင်ဆိုင်ထားတဲ့ နန်းဆုဦးနဲ့တွေ့ဆုံခိုက် အနုပညာရေးရာ တစေ့တစောင်းနဲ့ ၂၀၁၅ သင်္ကြန်အကြောင်းပြောဆိုမိကြတဲ့အခါ

"သင်္ကြန်က ညီမ မိသားစုနဲ့ပဲဖြတ်သန်းချင်တာပါ။ သင်္ကြန်မှလဲ အမျိုးတွေက စုံတာဆိုတော့ သူတို့ကိုလဲ အချိန်ပေးချင်သေးတယ်။ ညီမတို့က ကျိုင်းတုံကဆိုတော့ သင်္ကြန်ဆိုသူတို့က ရန်ကုန်တက်လာကြတယ်။ မုန့်တွေ လုပ်စားကြတယ်။ ပျော်ဖို့ကောင်းတယ်ပေါ့။ တကယ်လို့ မဏ္ဍပ်ထိုင်ဖြစ်မယ်ဆိုရင်တော့ Alpine မဏ္ဍပ်မှာ ရှိပါမယ်။ မနှစ်ကလဲ ရုံကြီးကားရိုက်ရင်း မဏ္ဍပ်မှာပဲ ဖြတ်သန်းဖြစ်တယ်။ အထူးတလည် ပြင်ဆင်မှုအနေနဲ့ အသားအရေအတွက် မထိခိုက်အောင်စဉ်းစားဖြစ်တယ်။

အ၀တ်အစားပိုင်း ပြင်ဆင်ဖြစ်တယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့ခံစားချက်က ထူးထူးခြားခြား ဘာခံစားချက်မှမရှိပေမဲ့ သင်္ကြန်ဆိုပျော်တယ်။ သင်္ကြန်ဆို စိတ်က အသစ်ဖြစ်တယ်။ ရေတွေပက်ကြတယ်။ လူငယ်တွေ ပျော်ကြတယ်။ သူတို့ကိုကြည့်ရင်း ကိုယ်ကလဲ လိုက်ပျော်တယ်။ သင်္ကြန် အမှတ်တရဆို ကျောင်းတက်တုန်းကတော့ ကျောင်းပိတ်တဲ့ အတွက် ပျော်တယ်။ သူငယ်ချင်းတွေနဲ့အပြင်သွားတယ်။ မိသားစုနဲ့အချိန်ဖြုန်းတယ်။ ခုနောက်ပိုင်းကျတော့ အလုပ်နဲ့ဖြတ်သန်းဖြစ်တယ်။ မဏ္ဍပ်ထိုင်ဖြစ်မယ် ဆိုရင်တောင် နေ့တိုင်းတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ညီမ မိသားစုကို အချိန်လဲ ပေးချင်သေးလို့ပါ။ နှစ်ဆန်း တစ်ရက်နေ့ကိုတော့ ညီမ ဘုန်းကြီးကျောင်း သွားပြီး ကောင်းမှုကုသိုလ် လုပ်ဖြစ်ပါမယ်"လို့ သူက ပြောပါတယ်။

သင်္ကြန်အပြီးမှာ ရိုက်မဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့လည်း သူမက "ကားရိုက်ကတော့ အတိအကျ  မသိရဘူး။ ကြိုပြောလို့လဲ မရဘူး။ သူတို့က ဇာတ်ကို အနားကပ်မှပေးတာဆိုတော့လေ။ ဒီ ၂၀၁၅ ထဲမှာ ကားကြီးတော့ ၄ ကားလောက်ပြောထားတယ်။ အတိအကျ တော့ comfirm မဖြစ်သေးပါဘူး ။ ကားကြီးဆိုတာကလဲ ညီမတို့အနုပညာရှင်တွေအတွက် အခွင့်အရေးတစ်ခုပဲလေ။ ခုလိုဗီဒီယိုလေးတွေကလဲ ရုပ်ရှင်ကားကြီးတွေအတွက် အထောက်အကူဖြစ်စေတယ်။ ဒီမှာက အနုပညာကျောင်း သိပ်မရှိတဲ့အတွက် ကိုယ်ရိုက်ခဲ့တဲ့ကားလေးတွေက ကိုယ်ဖန်တီးမဲ့ ရုပ်ရှင်ကားကြီးတွေအတွက် လေ့ကျင့်မှုတစ်ခုလိုပါပဲ။

ညီမအနုပညာ သက်တမ်းက နှစ်နှစ်ရှိပြီ။ ဇာတ်ကားပေါင်းကတော့ ၃၀ကျော်ပြီဆိုတော့ ဒီထက်လဲ ပရိသတ်အားရကျေနပ်မှု ရှိအောင်ကြိုးစားသွားမယ်။ ပရိသတ်တွေကလဲ ညီမအနုပညာ ဖန်တီးမှုတိုင်းကို လေ့လာသုံးသပ်ဝေဖန်ပေးပါဦး။  ညီမရိုက်ရတာက များသောအားဖြင့် ချမ်းသာတဲ့ ကာရိုက်တာတွေ များပါတယ်။ ဆင်းရဲတဲ့ ဒရာမာကားတွေလဲ ညီမသိပ်ရိုက်ချင်တယ်။ ဒါပေမဲ့ ညီမတို့အနေနဲ့ကျတော့ ကိုယ့်ကို လာကမ်းလှမ်းတဲ့အပေါ်မှာ ကြည့်ပြီး ဆုံးဖြတ်ရတာပေါ့နော်။ ရွေးချယ်ခွင့်လဲ မရှိသေးတဲ့အတွက် ကိုယ့်ဆီရောက်လာတဲ့ ကားကိုပဲ ဘယ်လိုပရိသတ်တွေ အသစ်အဆန်းလေးဖြစ်စေမလဲ။ ပရိသတ်ကိုဘယ်လိုမျိုး တင်ဆက်မလဲ အဲ့ဒီလိုလေးစဉ်းစားပြီးပဲဖန်တီးဖြစ်ပါတယ်"တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top