iMyanmarHouse.com - Best Property Website for Myanmar
×









Ariana Grande ရဲ့ Los Angeles ဖျော်ဖြေပွဲမှာ Justin Bieber နဲ့အတူ နှစ်ယောက်စုံတွဲ ဖျော်ဖြေနေတုန်း Bieber ဟာ ပိုင်ရှင်ရှိပြီးသားဖြစ်တဲ့ Ariana Grande ကို လိုအပ်တာထက်ပို နောက်က သိုင်းဖက်တာမျိုး၊ မျက်နှာချင်း ဆိုင် ပွေ့ဖက်တာမျိုးတွေ အလွန်အမင်း လုပ်ပြခဲ့ပါတယ်။ ဒီလို လုပ်ခဲ့တာဟာ စင်ပေါ်မှာ sexy ကျကျ ပြုမူခဲ့တာမှန်း အားလုံးသိပြီး ဖြစ်သလို Ariana Grande ရဲ့ ချစ်သူ Big Seanလည်း ရိပ်မိခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ဖျော်ဖြေပွဲပြီးပြီးချင်းမှာ Big Sean က သူ့ရဲ့Twitter မှာ "ဒီကလေးကတော့ ငါ့ကောင်မလေးကို မထိဖို့ သင်ယူရတော့မယ့် သဘောမှာ ရှိတယ်"ဆိုပြီး ရေးသားလိုက်ပါတယ်။ ဒါပေမယ့် ခုလို ရေးသားပြီး မကြာခင်မှာပဲ ဒါကို ပြန်ဖျက်ပစ်လိုက်ပါတယ်။

TMZ ရဲ့ ဖော်ပြချက်အရတော့ ခုလိုရေးသားခဲ့တာ အမှန်ပဲဖြစ်ကြောင်း သိရပြီး Big Sean နဲ့ Justin တို့နှစ်ဦးဟာ သူငယ်ချင်း ဖြစ်ကြောင်းကိုလည်း ပြန်လည်ထောက်ပြခဲ့ပါတယ်. ဒါ့ကြောင့် နောက်ပိုင်း သုံးယောက်သား ဘယ်လိုစခန်းသွားမယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top