iMyanmarHouse.com - Best Property Website for Myanmar
×









တချို့အမျိုးသားတွေဟာ သုတ်ကောင်ထွက်နှုန်း တော်တော်လေးနည်းကြပါတယ်။ ဒီလို အမျိုးသားအဖို့ သန္ဓေအောင်နည်းပညာ နဲ့ ကလေးအဖေဖြစ်နိုင်ပါပြီ။

သုတ်ကောင်ရည်ထွက်နှုန်း သုညဖြစ်နေတဲ့ သူတွေတောင် ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးအဖေဖြစ်နိုင်မယ့် မနာမကျင် စမ်းသပ် စစ်ဆေးမှုတစ်ရပ်ကို သိပ္ပံပညာရှင်တွေက ဖန်တီးခဲ့ပါတယ်။ Biomarker လို့ခေါ်တဲ့ မျိုးစေ့ဗီဇ(၂)မျိုးကို သုတ်ကောင်ထဲမှာရှာဖွေတဲ့ နည်းစနစ်ကို လေ့လာတွေ့ရှိခဲ့တာပါ။ အဲ့ဒီ့ မျိုးစေ့ဗီဇကို ကြည့်ပြီး သန္ဓေအောင်နိုင်တဲ့ သုတ်ကောင် ထုတ်ယူလို့ အောင်မြင်နိုင်၊ မမြင်နိုင်ကို မခွဲစိပ်ခင်မှာပဲ သိရှိနိုင်ပါပြီ။

တချို့အမျိုးသားတွေကတော့ ဘယ်တော့မှ ကလေးအဖေအရင်း ဖြစ်နိုင်စွမ်းမရှိတဲ့အတွက် လှူထားတဲ့သုတ်ကောင်ကို သုံးဖို့လိုအပ်ပါတယ်။ သန္ဓေပြန်လည်အောင်ဖို့  အလားအလာရှိတဲ့ သုတ်ကောင်ကို ရဖို့ဆိုရင် လက်ရှိ နည်းစနစ်တွေအရတော့ ခွဲစိပ်ကုသဖို့ လိုပါတယ်။ ခွဲစိပ်စရာမလိုဘဲ မနာမကျင်နဲ့ ကုသနိုင်မယ်ဆိုတော့ သန္ဓေမအောင်နိုင်တဲ့ အမျိုးသားများအတွက်တော့ ၀မ်းသားစရာသတင်းတစ်ရပ်ပါပဲ။ ဆေးရုံ၊ဆေးခန်းတွေမှာ ကုသနိုင်ဖို့အတွက်တော့ လအနည်းငယ်လာက်ကြာဦးမယ်လို့ သိရပါတယ်။

သန္ဓေမအောင်တဲ့ကိစ္စမှာ အမျိုးသားဘက်က သန္ဓေမအောင်တာဟာ ၅၀ရာခိုင်နှုန်းရှိပါတယ်။ သုတ်ထွက်နှုန်း သုညဖြစ်နေတဲ့ အမျိုးသားတွေကို သန္ဓေအောင်ကုထုံးနဲ့သာ ကုသမယ်ဆိုရင် ကလေးအဖေအရင်း ဖြစ်နိုင်စွမ်းရှိပါတယ်။ သူ့ကိုယ်ထဲမှာ ခွဲစိပ်ပြီးထုတ်လို့ရမယ့် ပုံမှန်ဖြစ်တဲ့သုတ်ကာင် ရှိခဲ့မယ်ဆိုရင်ပေါ့လေ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top