iMyanmarHouse.com - Best Property Website for Myanmar
×











ဗြိတိန် မင်းသမီး ကီယာ နိုက်တလေက ရုပ်ရှင် လောကအတွင်း ကျား မ အချိုးမညီမှုအား မကြာသေးခင်က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မေးခွန်း ထုတ်ထားသည်။ ဗိုင်အိုးလက် စာစောင်နှင့် ပြုလုပ်သည့် အင်တာဗျူးတွင်  ဗြိတိန် မင်းသမီးက ဟောလီးဝုဒ်တွင် အမျိုးသမီး ဒါရိုက်တာများနှင့် အမျိုးသမီး ဇာတ်လမ်း ရေးသားသူများ ဘယ်မှာလဲဟု ဆိုကာ မေးခွန်း ထုတ်ထားခြင်း ဖြစ်သည်။

 အော်စကာ ဆန်ခါတင် စာရင်းသို့ ပူပူနွေးနွေး ရောက်ရှိထားသည့် ဗြိတိန် မင်းသမီးက  ရုပ်ရှင်လောက၏ တစ်ဖက်စောင်းနင်း သဘာဝကို ဝေဖန်ထားခြင်းလည်း ဖြစ်သည်။ အင်တာဗျူး ပြုလုပ်နေစဉ်တွင် ကီယာနိုက်တလေက “ဘယ်မှာလဲ အမျိုးသမီး ဇာတ်လမ်းတွေ၊ ဘယ်မှာလဲ အမျိုးသမီး ဒါရိုက်တာတွေ၊ ဘယ်မှာလဲ အမျိုးသမီး ဇာတ်လမ်း ရေးသားသူတွေ၊ ဒါဟာ မညီမျှတာပဲ။

ကျွန်မတို့ အမျိုးသမီးတွေဟာ ရုပ်ရှင် သွားကြည့်သူတွေရဲ့ တ၀က်၊  ဒရာမာ ဒါမှမဟုတ် အခြား ဘာဇာတ်ကား ဖြစ်ဖြစ် ကြည့်သူတွေရဲ့ တ၀က်၊ ဒါပေမဲ့ ဘယ်မှာလဲ။ ဖျော်ဖြေရေး လောကရဲ့လုပ်အားခ ပေးချေမှုဟာ ကြီးမားတယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အသံတွေကို လူတွေ မကြားတာကို ကျွန်မပိုပြီး အလေးထား စိုးရိမ်ပါတယ်”” ဟု ပြောကြားထားသည်။

 ဟောလီးဝုဒ် ရုပ်ရှင်လောကတွင် ကျားမ အချိုးမညီမှုမှာ ယနေ့ ထက်တိုင် တည်ရှိနေဆဲ ဖြစ်သည့် ကိစ္စတစ်ရပ် ဖြစ်သည်။ မင်းသမီး အရေအတွက် များပြားသော်လည်း ဒါရိုက်တာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း ကဏ္ဍတို့တွင် အမျိုးသမီးများ ပါဝင်မှု နည်းပါးနေဆဲ ဖြစ်သည်။

 ဗြိတိန် မင်းသမီး ကီယာနိုက် တလေသည် “The Imitation Game ” ဇာတ်ကားတွင် အမျိုးသမီး သချာင်္ ပညာရှင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး အော်စကာ ဆန်ခါတင် စာရင်းသို့ ရောက်ရှိ နိုင်ခဲ့သော်လည်း ဆုနှင့် လွဲချော်ခဲ့သူ ဖြစ်သည်။

 Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top