iMyanmarHouse.com - Best Property Website for Myanmar
×










အကိုက်အခဲပျောက်ဆေးဟာ လည်ချောင်းနာတာအတွက် အထိရောက်ဆုံး ဆေးတွေထဲက တစ်မျိုးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဆေးနှစ်လုံးကို ရေနဲ့ဖျော်ပြီး ပလုတ်ကျင်းပါ။ မမျိုချလိုက်ပါနဲ့။ ၂နာရီအတွင်းမှာ လည်ချောင်းနာတာ သက်သာသွားတယ်လို့ Cradiff တက္ကသိုလ် သာမန်အအေးမိဖျားနာ စင်တာရဲ့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ ဆေးရဲ့အာနိသင်က အနည်းဆုံး ၆နာရီခံပါတယ်။ ပရုတ်အေးပါတဲ့ ဆေးဆို ပိုပြီးအသုံးတည့်ပါတယ်။

“နှာခေါင်းထဲ အေးမြတဲ့အထိအတွေ့ကို ဖြစ်စေပြီး နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။ လည်ချောင်းနာနဲ့ ချောင်းဆိုးတဲ့ လက္ခဏာတွေကိုလည်း သက်သာရာရစေပါတယ်။”လို့ သုတေသနကို ဦးဆောင်ခဲ့သူ ပါမောက္ခ Ron Eccles က ပြောသွားပါတယ်။
တချို့သော ပျားရည်တွေမှာ ပိုးသေစေတဲ့ ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ် သဘာဝအတိုင်း ပါပါတယ်။ အဲ့ဒါက လည်ချောင်းပိုးဝင်မှုကို တိုက်ဖျက်နိုင်တယ်လို့ နယူးဇီလန်၊ ဝေကာတို တက္ကသိုလ်က ကျွမ်းကျင်ပညာရှင်တွေ ပြောကြားချက်အရ သိရပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top