iMyanmarHouse.com - Best Property Website for Myanmar
×









သင်နဲ့သင့်ချစ်သူ နှစ်ဦးစလုံးဟာ အလုပ်များ အလုပ်ရှုပ်နေတတ်သူတွေလား။ ဒါဆိုရင်တော့ နှစ်ဦးသား အတူတူ ကိုယ်ခင်မင်ရတဲ့ သူငယ်ချင်းတွေနဲ့ အချိန်အတူ ကုန်ဆုံးဖို့ သိပ်မလွယ်ကူလောက်ပါဘူး။ သူငယ်ချင်းတွေနဲ့ လူမှုကွန်ယက်တွေမှာ တွေ့ရင်တော့ နောက်တစ်ခါ ငါတို့မင်းတို့ဆီလာမယ်၊ ဘာညာပြောဖြစ်ပေမယ့် နောက်ဆုံး မသွားဖြစ်ပဲ ကိုယ့်အလုပ်တွေနဲ့ လုံးလည်ချာလပတ် ရိုက်သွားရတာချည်းပါပဲ။

ချစ်သူကိုလည်း အချိန်ပေးချင်တယ်။ သူငယ်ချင်းတွေနဲ့ တွေ့ချင်တယ်ဆိုရင် ကိုယ့်သူငယ်ချင်းစုံတွဲတစ်တွဲက ညဘက် ဒင်နာ အတူတူစားဖို့ ဒီတစ်ခါခေါ်တာနဲ့ လက်မလွတ်တမ်း သွားလိုက်ပါ။ လေ့လာတွေ့ရှိချက်တွေအရ စုံတွဲနှစ်တွဲအပြင် အတူထွက်တာ၊ လည်ပတ်ကြတာ တစ်ဦးနဲ့တစ်ဦး ပိုမိုနားလည်လာတတ်သလို၊ အခြားစုံတွဲတွေနဲ့ယှဉ်ပြီး ကိုယ်ဘာတွေလိုအပ်နေတယ်ဆိုတာကိုလည်း သေသေချာချာ သိမြင်စေပါတယ်။

သုတေသနပြုသူတွေက အတွဲတွေကို  ဆွေးနွေးပွဲတွေ လုပ်ခိုင်းပြီး မသိတဲ့ အတွဲနှစ်တွဲ တွေ့ဆုံပြီး ပြောဆိုစေတာမျိုး၊ သိပြီးသားအတွဲနှစ်တွဲအတူဆုံတွေ့စေတာမျိုးတွေကနေ ခုလို အဖြေထုတ်ထားတာ ဖြစ်ပါတယ်။ အတွဲတွေဟာ နှစ်တွဲအတူရှိတဲ့အခါ သူတို့အတွဲက ဘယ်လို ငါတို့ကဘယ်လို ဆိုပေမယ့် မကောင်းမြင်တဲ့စိတ်ထက် ကိုယ့်ချစ်သူကို ဘယ်လိုနွေးနွေးထွေးထွေး ပိုဆက်ဆံလိုက်မယ်ဆိုတဲ့ စိတ်တွေက ပိုမိုမြင့်မားနေတတ်ကြပါတယ်။

 ဒါဟာ ချစ်သူတွေရဲ့ သံယောဇဉ်ကြိုးကို ပိုမိုခိုင်မြဲသွားစေမှာလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်က အတွဲနှစ်တွဲအတူရှိချိန်ဟာ တစ်တွဲတည်း ရှိနေတုန်းကထက် အသစ်အဆန်းတွေကိုလည်း ပြုမူလုပ်ဆောင်နိုင်ကြပါသေးတယ်။ နှစ်ဦးသား လုပ်ဆောင်နေကျအရာတွေက ခွဲထွက်ပြီး ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေကို လေးယောက်အိုင်ဒီယာနဲ့အတူ ဖန်တီးနိုင်ပါတယ်။
ဒါ့ကြောင့်မို့လို့  အချစ်ရေး ပိုမိုခိုင်မြဲစေဖို့ အမြဲတမ်းမဟုတ်တောင် တစ်ခါတစ်လေ အသိသူငယ်ချင်းအတွဲက ဖိတ်တဲ့ ဒင်နာမျိုး အတူသွားစားတာ၊ ဒါမှမဟုတ် ကိုယ့်စုံတွဲနဲ့ သူငယ်ချင်းစုံတွဲ အတူချိန်းပြီး အားလပ်ရက်မှာ လျှောက်လည်တာမျိုးတွေ လုပ်ပေးဖို့ လိုတယ်ဆိုတာ သိသွားပြီပေါ့နော်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top