iMyanmarHouse.com - Best Property Website for Myanmar
×














အမျိုးသမီးများ သွေးဆုံးချိန်တွင် ပြဿနာများ မကြုံတွေ့စေရန် အထောက်အကူဖြစ်စေမည့် အစားအစာများကို လမ်းညွှန်ပေးလိုက်ပါသည်။

သဘာဝ ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းများ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော အမျှင်ဓာတ်က ခန္ဓာကိုယ်ထဲရှိ ကိုလက်စထရော၊ သွေးထဲဂလူးဂို့စ်ပါဝင်မှုတို့ကို လျှော့ချပေးနိုင်ပြီး ၀မ်းချုပ်ခြင်း မရှိအောင် ကာကွယ်ပေးကာ သွေးဆုံးချိန်တွင် ကြုံ တွေ့ရမည့် အခြားသော ကျန်းမာရေးပြဿနာများအားလုံးကို ကာကွယ်ပေးနိုင်သည်။

တစ်နေ့တာအတွက် ကယ်လ်စီယမ် ကြွယ်ဝသော အစားအစာများ၊ နို့ထွက်ပစ္စည်းများ စားသောက်ပေးခြင်းက သင်၏နေ့စဉ် အစားအသောက်မှ လုံလောက်သော ကယ်လ်စီယမ်ဓာတ်ရရှိစေမည်ဖြစ်သဖြင့် အရိုးအားနည်းသော ရောဂါဖြစ်နိုင်သည့် အန္တရာယ် ကို လျှော့ချပေးနိုင်သည်။

ပဲများစားပေးခြင်းဖြင့် သွေးဆုံးချိန် စိတ်ကယောက်ကယက်ဖြစ်ခြင်းကဲ့သို့ ရောဂါလက္ခဏာများကို လျော့ကျစေနိုင်ပြီး ပဲတွင် အမျှင်ဓာတ်များစွာလည်း ပါဝင်ကာ တို့ဟူးအမျိုးအစားအချို့တွင် ကယ်လ်စီယမ်ဓာတ်ပါဝင်သည်။

အနီရောင် အသားများ၊ ကြက်သား၊ ငါး၊ ဥများ၊ အစိမ်းရောင် ဟင်းရွက်များကဲ့သို့ သံဓာတ်ကြွယ်ဝသော အစားအစာများကို စားပေးခြင်းဖြင့် သွေးနီဥနည်းပါးနိုင်မှုကို လျှော့ချပေးနိုင်သည်။

သွေးဆုံးချိန်တွင် စိတ်အပြောင်းအလဲဖြစ်ခြင်းများမှာ အဆိုးရွားဆုံး ဖြစ်ပေါ်နိုင်ပြီး ဖြေရှင်းရခက်နိုင်သဖြင့် ဗီတာမင်ဘီနှင့် အိုမီဂါ-၃ ကဲ့သို့ ဗီတာမင်များ ပို၍ စားပေးသင့်သည်။

အသား၊ နို့ထွက်ပစ္စည်းများ၊ အခွံမာသီးများ၊ ပဲစေ့များကဲ့သို့ ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်သော အစားအစာများ စားပေးခြင်း ဖြင့် ရောဂါကူးစက်မှုများ၊ ဆေးကုသမှု ခံယူခြင်းတို့မှ ပြန်ကောင်းလာစေရန် အထောက်အကူပြုသည်။

ဆဲလ်များကို ရေဓာတ်ဖြည့်ပေးရန်၊ အသားအရေစိုပြည်စေရန် နှင့် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးရန် သွေးဆုံးနေသော အမျိုးသမီးများ ရေလုံလောက်စွာ သောက်ရန် အရေးကြီးသည်။ ထို့ပြင် ဗီတာမင်နှင့် သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်
ပစ္စည်းများနှင့် အမျှင်ဓာတ်များစွာ ပါဝင်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ စားပေးသင့်သည်။

Credit  :7 Day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top