iMyanmarHouse.com - Best Property Website for Myanmar
×










ခါးနာခါးကိုက်တဲ့ ဝေဒနာအတွက် ပါရာစီတမော သောက်သုံးခြင်းဟာ အသုံးမ၀င်နိုင်ဘူးလို့ ဆေးပညာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ပါရာစီတမောဟာ နာကျင်မှုတွေကို အနည်းငယ် ပျောက်ကင်းစေနိုင်ပေမယ့်လည်း ယာယီအတွက်သာ ဖြစ်နိုင်ပြီး Osteoarthritis ရောဂါ ကို ခံစားနေရသူတွေအတွက် တော့ အရေးပါတဲ့ ကောင်းကျိုးတွေ ရရှိစေမှာ မဟုတ်ဘူးလို့ ဗြိတိန် ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနအရ သိရပါတယ်။

တစ်ကယ်တော့ ခါးနာခါးကိုက်ခြင်းနဲ့ Osteoarthritis ရောဂါတွေအတွက် လက်ရှိ ကမ္ဘာတစ်ဝှမ်းလုံးမှာ ညွှန်ကြားကြတဲ့ ပထမဆုံး ရွေးချယ်စရာဟာ ပါရာစီတစ်မောပါ။ ဒါပေမယ့် ဆစ်ဒနီတက္ကသိုလ် က တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် ဂျော့ဂ်ျဌာန က ကျွမ်းကျင်သူတွေက ပါရာစီတမော သောက်သုံးခြင်း ဟာ အသုံးမ၀င်ဘူး ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထိုကျွမ်းကျင်သူတွေဟာ ခါးနာ ခါးကိုက်ခြင်းနဲ့ Osteoarthritis ရောဂါတွေအတွက် ပါရာစီတမော ထက် ထိရောက်မယ့် နည်းလမ်းကို လေ့လာ ရှာဖွေနေဆဲဖြစ်ပေမယ့် ကျန်းမာရေး နဲ့ စောင့်ရှောက်မှု အမျိုးသားဌာနကတော့ ထိုလေ့လာမှုမပြီးခင်အထိ ခါးနာခါးကိုက်ခြင်းနဲ့ Osteoarthritis ရောဂါတွေအတွက် ပါရာစီတမောကိုသာ ညွှန်ကြားသွားရမယ်လို့ ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top