iMyanmarHouse.com - Best Property Website for Myanmar
×










အောင်မြင်နေသည့် လူငယ် အဆိုတော် တစ်ဦး ဖြစ်သော အိမ့်ချစ်က မတ်လ (၃၁) ရက်နေ့တွင် ကျရောက်သော မွေးနေ့ကို ရည်စူးပြီး ပဉမ အကြိမ် သက်ကြီးဂီတ ပညာရှင်များ ပူဇော်ပွဲတွင် လူအားရော၊ ငွေအားပါ ပါဝင် လှူဒါန်း ဖြစ်ခဲ့ကြောင်း ပြောသည်။

မတ်လ (၃၁) ရက်နေ့က ညီမရဲ့ (၂၃) နှစ်မြောက် မွေးနေ့ ဖြစ်တာကြောင့် မြန်မာနိုင်ငံ ဂီတ အစည်းအရုံးက လုပ်တဲ့ ပဉမ အကြိမ်မြောက် သက်ကြီး ဂီတပညာရှင်များ ပူဇော်ပွဲနဲ့လည်းတိုက်ဆိုင် သွားတဲ့ အတွက် လှူဒါန်းဖြစ်ခဲ့ပါတယ်။ ညီမ ဒီနေ့မှာ မွေးနေ့ ဖြစ်တာကြောင့် ဘုရားသွားပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ပါတယ်။ ညီမရဲ့မွေးနေ့မှာတော့ မနက်ပိုင်းကို ဘုရားသွားတယ်။ နေ့လယ်ပိုင်း ကျတော့ သက်ကြီးဂီတ ပညာရှင်များ ပူဇော်ပွဲကို လာတယ်။

 နောက်ပြီး ပူဇော်ပွဲက ပြန်ရင်လည်း အခြားလှူ ဖို့စီစဉ်ထားတဲ့ နေရာမှာ ဆက်ပြီး လှူသွားဖို့ ရှိပါတယ်။ အနု ပညာညီအစ်ကို မောင်နှမတွေနဲ့ မုန့်စားမယ်။ မွေးနေ့ပွဲ အကြီးကြီးတော့ မလုပ်တော့ပါဘူး။ ညပိုင်းကိုတော့ မိသားစုနဲ့အတူ   ဖြတ်သန်းသွားမှာပါ ဟု အိမ့်ချစ်က ပြောသည်။ အိမ့်ချစ်သည် လာမည့် မေလတွင် ဖခင်ဖြစ်သူနှင့် အတူ Show ပွဲ ပြုလုပ်မည် ဖြစ်ပြီး “အချစ်ရေ” VCD ကိုလည်း ဖန်တီးနေကြောင်း ပြောသည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top