iMyanmarHouse.com - Best Property Website for Myanmar
×










ကမ္ဘာကြီးက ကျဉ်း တယ်ဆိုပေမယ့်’ သီချင်းဖြင့် ပရိသတ်အသိအမှတ်ပြုခံခဲ့ရ သော အဆိုတော် ဆုန်သင်းပါရ်၏  ပထမဆုံးတစ်ကိုယ်တော်ဖျော် ဖြေပွဲကို ဧပြီ ၂၅ ရက်တွင် ပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဂီတလောကသို့ ၂၀၀၀ ပြည့်နှစ်က စတင်ဝင်ရောက်လာ ခြင်းဖြစ်ပြီး ဂီတသက်တမ်း ၁၅ နှစ်မြောက်တွင် ပထမဆုံးအကြိမ် ဖျော်ဖြေပွဲပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘ကိုယ့်သီချင်းတွေကို ကိုယ့်ဘာသာ ကိုယ်ပဲ ဆိုချင်တာ ကြောင့် ဧည့်သည်အဆိုရှင် မပါ ဘဲ တစ်ယောက်တည်း ဖျော်ဖြေ ပေးမှာပါ’’ဟု ၎င်းကပြောသည်။

ဖျော်ဖြေပွဲကို ဧပြီ ၂၅ ရက် တွင် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ဝင်းအတွင်း ပြုလုပ် မည်ဖြစ်ပြီး     သီချင်းအပုဒ်သုံး ဆယ်ခန့် ဖျော်ဖြေပေးမည်ဟု ဆုန်သင်းပါရ်က ပြောသည်။

‘‘ပရိသတ်မသိတဲ့ သီချင်း တော့ မထည့်ဘူး။ ပြန်ဆိုတေးနဲ့ ပေါက်တဲ့ သီချင်းတွေလည်း ထည့် မထားဘူး။ ကိုယ့်သီချင်း အမှန်အကန်ဖြစ်တဲ့ဟာတွေပဲ ရွေးထားတယ်။ ကိုယ်ပိုင်သံစဉ်နဲ့ ကော်ပီကတော့ မျှပါတယ်’’ဟု ၎င်းကပြောသည်။

ဖျော်ဖြေပွဲကို အပိုင်းသုံးပိုင်း ခွဲ၍ ပြုလုပ်မည်ဖြစ်ပြီး Un−plugged  အစီအစဉ်လည်း  ပါ ၀င်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘လက်မှတ်ရောင်းဈေးက တော့ မသိသေးဘူး။ အစ်မက တော့ သင့်တင့်တဲ့ ဈေးတစ်ခုကိုပဲ သတ်မှတ်မယ်။ မတ်တတ်နဲ့ ထိုင် ခုံနှစ်မျိုးပဲ လုပ်မယ်။ VIP တို့ ဘာတို့ သတ်သတ် မရှိဘူး။ ဦးရာ လူပေါ့’’ဟု ဆုန်သင်းပါရ်က ပြော သည်။

‘‘တီဗီချန်နယ်တွေကနေ တိုက်ရိုက်မလွှင့်ဘူး။ အမှတ်တရ ဖြစ်အောင် ရိုက်ကူးရေးပါမယ်။ အဓိကကတော့ ကိုယ့်ဟာ ကိုယ် ဆိုနိုင်တယ်လို့ ထင်တဲ့ အချိန်မှာ လုပ်ဖြစ်တာပါ’’ ဟု ဆုန်သင်းပါရ် က ပြောသည်။

Credit : 7 day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top