iMyanmarHouse.com - Best Property Website for Myanmar
×










ပုံမှန်ဆိုရင်တော့ အမျိုးသားတွေက အမျိုးသမီးတွေထက် ဆံပင်အကျွတ် များတတ်ကြပါတယ်။ ဒါပေမယ့်လည်း အမျိုးသားတွေက ဒါကို သိပ်ပြီး ဂရုစိုက်လေ့ မရှိပါဘူး။ အရေးကြီးတာက အမျိုးသမီးတွေပါ။ သူမတို့အနေနဲ့ ဆံပင်မကျွတ်စေဖို့ အမျိုးမျိုးသော Treatment တွေ ၊ ခေါင်းလျှော်ရည်တွေ ပြောင်းသုံးတတ်ကြပေမယ့် ဘာကြောင့် ကျွတ်ရတယ် ဆိုတာတော့ အဖြေရှာဖို့ မေ့နေတတ်ကြပါတယ်။

ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိတဲ့အနက် အမျိုးသမီး အများစုနဲ့သက်ဆိုင်ပြီး ဖြစ်လေ့ရှိတာမျိုး ၊ သတိမမူမိတာမျိုးကို ရွေးချယ် တင်ပြလိုက်ရပါတယ်။

(၁)    ခွဲစိတ်မှုကြောင့်ဖြစ်ဖြစ် ၊ အက်ဆီးဒင့် တစ်ခုခုကြောင့် ဖြစ်ဖြစ် ၊ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေများလာခြင်း

(၂)     ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးခြင်းကြောင့်

(၃)     ဗီတာမင် A လွန်ကဲခြင်းကြောင့်

(၄)     ပရိုတိန်းဓါတ် မပြည့်ဝခြင်းကြောင့်

(၅)     မျိုးရိုးလိုက်ခြင်း

(၆)     ဟော်မုန်းဆေးများကြောင့် ကျွတ်ခြင်း

(၇)     စိတ်ပိုင်းဆိုင်ရာ ဖိအားများခြင်း  

(၈)     သွေးအားနည်းခြင်းကြောင့်ကျွတ်ခြင်း

(၉)     ဗီတာမင် B လျော့နည်း ချို့ငဲ့ခြင်း

(၁၀)    ဆံပင်ငြိထွေးခြင်း

(၁၁)    ရုတ်တရက် ၀ိတ်ကျခြင်းကြောင့် ကျွတ်ခြင်း

(၁၂)    ပိုးသတ်ဆေးများ မှီဝဲရခြင်း

(၁၃)    ဆံပင်ကို အလွန်အကျွံ ပြုပြင်ခြင်း စတာတွေကြောင့်ပဲဖြစ်ပါတယ်။

 ဆံပင်အကျွတ်များပြီဆို ပေါင်းဆေးတွေ ၊ Treatment တွေနဲ့ပဲ ကုစားနေမယ့်အစား ဒီအချက်တွေထဲက တစ်ခုခုကြောင့် များလားဆိုတာကို တစ်ချက်လောက် ပြန်စဉ်းစားကြည့်ရင် ပိုကောင်းတဲ့ ဖြေရှင်းနည်း ရမယ်လို့ မျှော်လင့်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top