iMyanmarHouse.com - Best Property Website for Myanmar
×









(၁) ရေနွေးနဲ့သံပုယိုသီး
ခန္ဓာကိုယ်ကနေ အညစ်အကြေးများ ဖယ်ထုတ်ပေးဖို့ အူတွေကို စေ့ဆော်ပေးပါတယ်။ သံပုယိုရောစပ်လိုက်ခြင်းဖြင့် ခေါင်းကြည်လင်စေပြီး စိတ်နိုးကြားဖို့ လိုအပ်တဲ့ ချဉ်စုတ်စုတ် အရသာကို ပေးပါတယ်။

(၂) ဆန်ဖြင့်လိပ်တဲ့ ဆာမွန်ဆူရှီလိပ်
အဆီများတဲ့ ငါးတွေမှာ နှလုံးအကျိုးပြုပြီး စိတ်ဖိစီးမှုဖြစ်စေတဲ့ ရောဂါများမှ ကာကွယ်ပေးတဲ့ အိုမီဂါ-၃ အဆီအက်ဆစ် ကြွယ်ဝစွာ ပါဝင်တယ်။ ဆာမွန်ငါး၊ မက်ကရယ်ငါး သို့မဟုတ် ငါးသေတ္တာငါး တွေမှာ တွေ့ရတဲ့ အဆီအက်ဆစ်က စိတ်ခံစားချက်ကို ပုံမှန်ဖြစ်စေပြီး ဦးနှောက်ကို ပိုမို ကျန်းမာစေပါတယ်။

(၃) သီဟိုဠ်စေ့
သီဟိုဠ်စေ့မှာ အအေးဓာတ် ရစေတဲ့ မက်ဂ်နီစီယမ်နဲ့ ထရိုက်တိုဖန်ဓာတ် တို့ ပါဝင်တယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အချိန် ခုခံအား မြင့်တင်ပေးနိုင်တဲ့ သတ္တုဓာတ် ဇင့်ဓာတ် ပါဝင်တယ်။

(၄) ချောကလက်အနက်
ဦးနှောက်ကို စိတ်နာကျင်ခံစားမှုလျော့ကျစေတဲ့ အင်ဒေါလ်ဖင်း ထုတ်လွတ်ဖို့ စေ့ဆော်ပေးပြီး သွေးတိုးကျစေတယ်။

(၅) ဂရင်းတီး (သို့) ချာမိုမိုင်း (green or chamomile tea)
ကဖီးဓာတ်နည်းတဲ့ green or chamomile tea မှာ စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှု လျော့ကျစေတဲ့ ဂုဏ်သတ္တိတွေပါရှိတယ်။  Green tea မှာ စိတ်ငြိမ်မှုဖြစ်စေတဲ့ amino acid theanine ပါဝင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top