iMyanmarHouse.com - Best Property Website for Myanmar
×












ဗီတာမင်ဒီ ပမာဏနည်းပါးခြင်းဟာ ကလေးငယ်တွေမှာ သွေးအားနည်းရောဂါ (Anaemia)  ရနိုင်ချေ များတယ်ဆိုတာကို သုတေသနတစ် ခုမှာ ဖော်ပြထားပါတယ်။ ဒါကို ဂျွန်ဟော့ကင်းတက္ကသိုလ်၊ ကလေးဆေးရုံကြီးက သုတေသီတွေက လေ့လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗီတာမင်ဒီနဲ့ ဟေမိုဂလိုဘင်တို့ရဲ့ ဆက်စပ်နေမှုကို လေ့လာခဲ့တာ ဖြစ်ပြီး ဗီတာမင်ဒီဟာ ရိုးတွင်းခြင်ဆီထဲက သွေးနီဥထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ နောက်ပြီး သွေးအားနည်းခြင်းကို ကာကွယ်စေမယ့် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်စွမ်းလည်း ဗီတာမင်ဒီမှာရှိနေပါတယ်။

ဒီလေ့လာမှုမှာ သုတေသီတွေဟာ ကလေးငယ် ၁၀၄၀၀ဦးရဲ့ သွေးနမူနာတွေကို ရယူကာ ဓာတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ရလဒ် များအရတော့ ဗီတာမင်ဒီချို့တဲ့နေတဲ့ ကလေးငယ်တွေမှာ ဟေမိုဂလိုဘင် ပမာဏပါ ကျဆင်းနေတာကိုတွေ့ ရပါတယ်။ ဒီအခါမှာ သွေးအားနည်းခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါ တယ်။ကလေးငယ်တွေမှာ ဗီတာမင်ဒီ ပမာဏ30 nangrams/mm ထက်နည်းရင် သွေးအားနည်းရောဂါရနိုင်တယ်လို့ သုတေသီတွေက ပြောကြား ထားပါတယ်။ဒီလေ့လာမှုကို Journal of Pediatrics မှာ ဖော်ပြထားပါတယ်။

Credit : Health Updates Journal

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top