iMyanmarHouse.com - Best Property Website for Myanmar
×









ဝက်ရူးပြန်ရောဂါရှိသူများ မှောက်အိပ်ပါက မမျှော်လင့်ဘဲ ရုတ်တရက်သေဆုံးနိုင်သည့် အန္တရာယ်ရှိကြောင်း လေ့လာမှုအသစ်တစ်ရပ်အရ သိရသည်။

ဝက်ရူးပြန်ရောဂါမှာ အမေရိကန်နိုင်ငံတွင် တွေ့ရအများဆုံး အာရုံကြောဆိုင်ရာ ကစဥ့်ကလျားဖြစ်မှုဖြစ်ပြီး အရွယ်ရောက်ပြီးသူ ၂ ဒသမ ၃ သန်းနှင့် ကလေး ၄၅၀,၀၀၀ ဦးအထိ ဖြစ်ပွားကြောင်း သိရသည်။ ၀က်ရူးပြန်ရောဂါမှာ မည်သည့်အသက်အရွယ်၌မဆို ဖြစ်နိုင်သော်လည်း ကလေးငယ်များနှင့် အသက်အရွယ်ကြီးရင့်သူများတွင် ပို၍ အဖြစ်များသည်။ ၀က်ရူးပြန်ရောဂါရှိနေသည့် ရောဂါလက္ခဏာမှာ ဦးနှောက်ထဲ လျှပ်စစ်ဆိုင်ရာ လုပ်ဆောင်မှု ကမောက်ကမဖြစ်ခြင်းကြောင့်ဖြစ်သော တက်ခြင်းများဖြစ်သည်။

ဝက်ရူးပြန်ရောဂါအတွက် လက်ရှိအချိန်ထိ ကုသဆေးမရှိသော်လည်း တက်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ဆေးဝါးများဖြင့် ကုသပေးနိုင်သည်။ သို့သော်လည်း အချို့သော လူများမှာ ယင်းဆေးဝါးများ မတိုးသည့် ပြဿနာရှိပြီး တက်ခြင်း၊ လေဖြတ်ခြင်းများ ဆက်လက်ကြုံတွေ့ရတတ်သည်။

ဝက်ရူးပြန်ရောဂါရှင်များ မမျှော်လင့်ဘဲ သေဆုံးရခြင်း အဓိက အကြောင်းရင်းမှာ အနီးအနားတွင် မည်သူမျှမရှိဘဲ အိပ်နေစဉ် ရောဂါထ၍ သေဆုံးတတ်ခြင်းဖြစ်သည်။

ဝက်ရူးပြန်ရောဂါရှင်များ၏ ၇၃ ဒသမ ၃ ရာခိုင်နှုန်းမှာ မှောက်လျက်အိပ်နေစဉ် သေဆုံးရပြီး ၂၆ ဒသမ ၇ ရာခိုင်နှုန်းမှာ အခြားသော ကိုယ်နေဟန်ထားဖြင့် အိပ်နေစဉ် သေဆုံးခြင်းဖြစ်ကြောင်း သုတေသီများ လေ့လာတွေ့ရှိသည်။

အသက် (၄၀) ကျော် ၀က်ရူးပြန်ရောဂါရှင်များ မှောက်အိပ်ပါက မမျှော်လင့်ဘဲ သေဆုံးနိုင်ခြေ ပိုများသည်ဟု သုတေသီများက ပြောသည်။ ၀က်ရူးပြန်ရောဂါကြောင့် လူငယ်များမှာလည်း အိပ်နေစဉ် မမျှော်လင့်ဘဲ ရုတ်တရက် သေဆုံးနိုင်သည့် အန္တရာယ်မြင့်မားကြောင်း သုတေသီများက ပြောသော်လည်း အကြောင်းရင်းကိုမူ ၎င်းတို့ မသိရသေးကြောင်း Neuology ဂျာနယ်တွင် ဖော်ပြထားသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top