iMyanmarHouse.com - Best Property Website for Myanmar
×









တနေ့မှာ လုပ်ငန်းနေရာအသီးအသီးမှာ ရာထူးကြီးကြီး၊ လုပ်ငန်းကြီးကြီးတွေနဲ့ လုပ်နေကြတဲ့ တက္ကသိုလ်တစ်ခုကကျောင်းသား၊ ကျောင်းသူဟောင်းတွေက သူတို့ရဲ့ ဆရာဖြစ်ခဲ့တဲ့ တက္ကသိုလ်က ပါမောက္ခ ဆရာကြီးဆီကို အလည် လာကြပါတယ် … ။

စကားစမြည်ပြောကြဆိုကြရင်းနဲ့ လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုတွေ အရမ်းများတဲ့ အကြောင်းတွေ ကို ရောက်သွားပါတယ်။အဲဒီအချိန်မှာ ပါမောက္ခကြီးက ကော်ဖီတိုက်ဖို့အတွက် မီးဖိုချောင်ထဲ ဝင်သွားပါတယ် …

ခဏနေတော့ ကော်ဖီအိုးကြီးတစ်အိုးနဲ့ခွက်တွေယူပြီး ပြန်ထွက်လာပါတယ်။
ခွက်တွေကလည်း အမျိုးအစား အစုံပါပဲ … ကြွေခွက်၊ ဖန်ခွက်၊ ပလစ်စတစ်၊ ခရစ်စတယ် စသည်ဖြင့်ပေါ့ တစ်ချို့ခွက်တွေက တော်တော်ဈေးကြီးလိမ့်မယ် ပြီးတော့ တစ်ချို့ခွက်တွေဆို တော်တော်လေး လက်ရာမြောက်ပါတယ် …

ဆရာကြီးက သူ့တပည့်တွေကို “ကဲ … ကဲ … ကိုယ်ဟာကိုသာ ထည့်သောက်ကြတော့ … ” လို့ ပြောပါတယ် … ။တပည့်တွေ အားလုံး ကော်ဖီခွက်တွေ ကိုယ်စီ ကိုယ်စီ ကိုင်ပြီးကြတဲ့အချိန်မှာ ဆရာကြီးက “မင်းတို့ သတိထားကြည့်မိမယ် ဆိုရင် မင်းတို့ရွေးယူလိုက်တဲ့ ခွက်တွေက … ကောင်းပေ့ ညွှန့်ပေ့ ဈေးကြီးပေ့ လှပါပေ့ ဆိုတာတွေကိုပဲရွေးလိုက်ကြတယ်၊ အဲဒီလို အကောင်းဆုံးဆိုတောတွေကိုပဲ လိုချင် …ရွေးချင် ကြတာကလည်း သဘာဝပါပဲ …. မင်းတို့တစ်တွေရဲ့ စိတ်ဖိစီးမှုတွေ ပြဿနာတွေရဲ့ အရင်းခံကလည်း အဲဒါတွေပါပဲ” လို့ ဆရာကြီးက ပြောပါတယ် …

“ခွက် ကောင်းတယ် … မကောင်းဘူး ဆိုတာက ကော်ဖီရဲ့ အရည်အသွေး အရသာကို သက်ရောက်မှု မရှိနိုင်ဘူးဆိုတာ သေချာပါတယ် … ။ တစ်ခါတစ်လေ အဲဒီလို ခွက်ကောင်းကောင်းဆိုတာ တွေကို အာရုံစိုက်ပြီး ကိုယ်သောက်နေတဲ့ အရာကို တောင်မှ မေ့နေတတ်တယ် … ။ တကယ်သာ မင်းကော်ဖီကိုပဲ သောက်ချင်တယ်ဆိုရင် ခွက်အရမ်းကြီးကောင်းနေဖို့ မလိုအပ်ပါဘူး … သင်တင့်ရုံဆိုရင် ဖြစ်ပါတယ် … ။

ဒါပေမယ့် တစ်ခါတစ်လေမှာ အဲဒီအပေါ်ယံဖြစ်တဲ့ ခွက်ကောင်းဖို့ကို ပိုပြီး အာရုံစိုက်မိ နေတတ်ပါတယ် … ။ ပြီးတော့လည်း ဒီထက်ကောင်းတဲ့ … လှတဲ့ နောက်ခွက်တစ်ခွက်ကို လိုချင်လာတတ် ပြန်ပါတယ် … ။
မင်းတို့ စဉ်းစားကြည့်ကြပေါ့ … ဘဝဆိုတာက ကော်ဖီလိုပဲ …
အသုံးအဆောင်ပစ္စည်းတွေ၊ ဇိမ်ခံပစ္စည်းတွေ နေအိမ်၊ တိုက်တာ အဆောက်အအုံ၊ ကားစတာတွေက ကော်ဖီခွက်တွေပါ … ။ အဲဒါတွေဟာ ဘဝဆိုတဲ့ ကော်ဖီကို ထည့်မယ့် အရာတွေပါပဲ …

ခွက်အမျိုးအစား ကောင်း/မကောင်း ဆိုတာက တကယ်တော့ မင်းတို့ ရှင်သန်တဲ့ ဘဝရဲ့ အရည်အသွေးကို ပြောင်းလဲ မပေးနိုင်ပါဘူး” လို့ ဆရာကြီးက တပည့်တွေကို ဆုံးမပါတယ် … ။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့လည်း “အဓိက နဲ့ သာမည” ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ် … ။ ကျွန်တော်တို့တစ်တွေ ဘဝမှာ လိုချင်တာ(want) နဲ့ လိုအပ်တာ(need) ကို ကွဲပြားဖို့ လိုပါတယ် … ။ လိုချင်တာတွေကတော့ အမြဲလိုလိုရှိနေမှာပါပဲ … တစ်ခုခုလိုချင်လာတိုင်း Need လား Want လား သုံးသပ်ဖို့ လိုပါတယ် … ။
ဥပမာ ကိုယ်မှာ ဖုန်းတစ်လုံးရှိပေမယ့်လည်း … သုံးလို့ အဆင်ပြေနေ
ပေမယ့်လည်း မော်ဒယ်အသစ်ထွက်ရင် လိုချင်လာပါတယ် … အဲဒါ တကယ်လိုအပ်ပါရဲ့လား … အဲဒီမော်ဒယ် အသစ်မှာ ပါတဲ့ ဖန်ရှင်တွေရှိမှ ကိုယ့်ရဲ့ အရည်အသွေးအတွက်
အထောက်အကူပြုမှာလား …သေသေချာချာ စဉ်းစားကြည့်ပါ …

အဲဒီလို Need မဟုတ်ဘဲ … Want သက်သက်ဆိုရင် လိုချင်တာက လိုချင်ပေမယ့် မဝယ်သင့်ပါဘူး … ။ပြီးတော့ ကိုယ့်မှာ သင့်တင့်တဲ့အဝတ်အစားလည်းရှိမယ် … ပွဲနေပွဲထိုင်အတွက်လည်း အသင့်အတင့် ရှိမယ် ဆိုရင် ထပ်ဝယ်ဖို့ မလိုအပ်သေးပါဘူး၊

ဥပမာ – အခမ်းအနားတစ်ခုတက်ရမယ် … မင်္ဂလာဆောင်သွားရမယ် ဆိုပါတော့ … လိုက်လျောညီတဲ့ သင့်တော်တဲ့ အဝတ်အစားမရှိဘူးဆိုရင်တော့ ဒါဟာ Need ပါ ဝယ်သင့်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ … လစာထုတ်တဲ့နေ့ ရုံးက ပြန်လာတယ် … Shopping Mall တစ်ခုကို ဝင်ပတ်ကြည့်တယ် … လှတာလေးတွေကလည်း တွေ့တယ် … လက်ထဲမှာ ကလည်း ပိုက်ဆံပါလာတယ် ဆိုတော့ကြိုက်မိတာလေးတွေ
ဝယ်လိုက်ပါတယ် … အဲဒါဟာ တကယ်တော့ Need မဟုတ်ပါဘူး … Want ကို သုံးလိုက်တာ … ပါ ။

တကယ် ကိုယ်ရည်ကိုယ်သွေးရှိတဲ့ အဲဒီအသုံးအဆောင်းပစ္စည်းတွေဟာ အဓိက မကျလှပါဘူး … ။ လုံးဝ မလိုအပ်ဘူးတော့မဟုတ်ပါ၊ သင့်တင့်လျောက်ပတ်တဲ့ အခြေအနေတစ်ခု ဆိုရင် အဆင်ပြေပါတယ် ။

အဲဒီလို Need နဲ့ Want ကို မကွဲပြားဘဲ … ဖုန်းတွေ မော်ဒယ်အသစ်တွေ ထွက်တိုင်း …. အဝတ်အစားလှလှ တွေ တွေ့တိုင်း … အသုံးအဆောင်း အသစ်သစ်တွေ တွေ့တိုင်း ဝယ်ချင် … သုံးချင်နေမယ်ဆိုရင်တော့ … စိတ်ပင်ပန်းမှုတွေ … အလိုမကျမှုတွေ … နဲ့ ကြုံတွေ့ရတတ်ပါတယ် …. ။
ဒါကြောင့် … စာဖတ်သူများ တစ်ခုခုကိုတွေ့လိုက်တိုင်း … တွေးလိုက်တိုင်း …. Need လား Want လား ဆိုတာကို သုံးသပ်ကြည့် စေချင်ပါတယ် …. ။

Credit : အောင်ကိုဦး(UMK)

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top