iMyanmarHouse.com - Best Property Website for Myanmar
×











လူအများစုဟာ သူတို့စိတ်ထဲ သဘောကျလေ့ရှိတဲ့ ဆံပင်အရောင်၊ ခန္ဓာကိုယ် အချိုးအစားနဲ့ မျက်လုံးအရောင် ဆိုပြီး အရင်ကတည်းကကို ရှိနေပြီးသားပါ။ ဒါပေမယ့် ဒီအရာတွေ အားလုံးပေါင်းစပ်ပြီး ဖြစ်လာတဲ့ ဘယ်လိုပုံစံမျိုးက အမျိုးသားတွေကြား ဆွဲဆောင်မှုရှိရှိလှနေတာမျိုး ဖြစ်လိမ့်မလဲ။ ဒီအကြောင်း Badoo ဆိုတဲ့ ဆိုက်ကနေ လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

အမျိုးသား ၂၀၀၀ကို ခေါ်ယူပြီး အမျိုးသမီးတစ်ယောက်ရဲ့ ဘယ်လိုဆံပင်ပုံစံအမျိုးအစားနဲ့ မျက်လုံးအရောင်ကို သဘောကျသလဲဆိုတာ မေးမြန်းပြီး စစ်တမ်းကောက်ယူမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အမျိုးသားတွေ အကြိုက်ဆုံး အမျိုးသမီးတွေရဲ့ ဆံပင်ပုံစံဟာ ပခုံးကျော်ကျော်ဆံပင်လောက်ကို နွယ်အလိမ်လေးတွေ ဖြစ်နေတာမျိုးပါတဲ့။ မျက်လုံးအရောင်ကတော့ အပြာရောင်ကို အနှစ်ခြိုက်ဆုံးလို့ ပြောထားပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒါကတော့ အမျိုးသားတွေထဲက သုံးပုံနှစ်ပုံဟာ ဆံပင်အညိုရောင်ရှိတဲ့ အမျိုးသမီးကို ဆွဲဆောင်မှုရှိတယ်လို့ မြင်ကြပြီး ကျန်တဲ့အမျိုးသားတွေကတော့ အနက်ရောင်ကို နှစ်ခြိုက်ကြပါတယ်တဲ့။ ကျန်တဲ့အနီနဲ့ အ၀ါရောင်ဆံပင်ကြိုက်တဲ့ အမျိုးသားထုကတော့ တော်တော်နည်းပါတယ်။
မျက်လုံးအရောင်မှာတော့ ခုနပြောသလို အပြာရောင်ဟာ အမျိုးသားတွေ သဘောအကျဆုံးဖြစ်ပေမယ့် ဒုတိယ သဘောကျဆုံးကာလာက အညိုရောင်ပါ။ နောက် တတိယနေရာမှာတော့ အစိမ်းရောင်မျက်လုံးပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top