iMyanmarHouse.com - Best Property Website for Myanmar
×










ဘယ်အချိန်ကများ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်မလဲဆိုတာ သိချင်ကြမလား။ “အားကစားရုံသွားဖို့ငါ့အားကစားဝတ်စုံကိုလှမ်းယူလိုက်တဲ့ အချိန်တိုင်းပဲပေါ့” လို့မင်းကပြန်ဖြေလိမ့်မယ်။ ဒီလိုဖြေတဲ့အတွက် မင်းမမှားပါဘူး။ ဒါပေမဲ့မင်းရဲ့ ခန္ဓာကိုယ်ကတော့တစ်နေ့ထက်တစ်နေ့လေ့ကျင့်ခန်း လုပ်တဲ့ရလဒ်ချင်း မတူနိုင်ပါဘူး။ ကျွမ်းကျင်မှုကမင်းရဲ့ အကောင်းဆုံး လေ့ကျင့်မှု အချိန်ဇယား ရေးဆွဲတဲ့နေရာမှာ ဘယ်လို အထောက်အကူပေးတယ်ဆိုတာ လေ့လာကြည့်ရအောင်။

(၁) တကယ်လို့များ ဒီနေ့မှာစိတ်ပင်ပန်းမှုများမယ့် အစည်းအဝေးတစ်ခု လုပ်စရာရှိတယ်ဆိုရင် အစည်းအဝေးမတိုင်ခင် လေ့ကျင့်ခန်းလုပ်ပါ။

မိနစ်၃၀လောက် အတန်အသင့်လေ့ကျင့်ခန်းလုပ်လိုက်တာဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတချို့ဖြစ်တဲ့ မူးဝေထိုင်းမှိုင်းနေတာမျိုးကို လျော့ပါးစေပါတယ်။ “ဦးနှောက်ရဲ့ စိတ်ဖိစီးမှုတွေကို တုံ့ပြန်တဲ့နေရာမှာပင်ပန်းမှုကိုသက်သာလျော့ပါးစေပါတယ်”လို့မေရီလန်း တက္ကသိုလ်ကလက်ထောက်ပရော်ဖက်ဆာ Ph.DJ.Carson က ပြောပါတယ်။ “လ့ကျင့်ခန်းလုပ်ပြီးလို့ ၁၅မိနစ်လောက်အကြာမှာဘဲ လန်းဆန်းလာတာကို ခံစားမိနိုင်ပါတယ်” လို့လည်း ပြောထားပါတယ်။

(၂) အိပ်ရခက်နေရင်တော့ မအိပ်ခင်အချိန်မှာ မှန်ကန်တဲ့ လေ့ကျင့်ခန်းတစ်ခု လုပ်လိုက်ပါ။

အားလုံးကြားဖူးထားတာကကြံ့ခိုင်ဖို့အတွက်လုပ်တဲ့လေ့ကျင့်ခန်းတွေဟာ မအိပ်ခင်လုပ်မိရင် အိပ်ပျော်ရခက်ခဲတယ်ဆိုတာပါ။National Sleep Foundation ရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ တကယ်လို့များမင်းဟာ အိပ်ရေးချို့တဲ့သူ တစ်ယောက်ဆိုရင်မိနစ်(၃၀)လောက်ယောဂလိုလေ့ကျင့်ခန်းမျိုးလုပ်ပေးတာ[ာအိပ်ရေးပျက်ခြင်း ကိုသက်သာစေနိုင်သလို အိပ်စက်မှုအရည်အသွေးကိုလဲမြှင့်တင်ပေးနိုင်ပါတယ်။

(၃) ခန္ဓာကိုယ် ပျက်စီးယိုယွင်းမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့ မနက်စောစောမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။

မနက်အိပ်ရာထချိန်မှာ သင့်ရဲ့သဘာဝကိုယ်အပူချိန်ဟာ နည်းပါးနေပါတယ်။ ဒီလိုအချိန်မှာအိပ်ရာထဲကနေအဆင်သင့်ခုန်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေနိုင်ပါဘူး။ ဒီလိုအချိန်မှာလေ့ကျင့်ခန်းလုပ်မိရင်နာကျင်မှုကိုပိုခံစားရနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့အချိန်ကတော့ညနေ ၄နာရီနဲ့ ၈နာရီကြားပါပဲ။ ဒီတော့လေ့ကျင့်ခန်းလုပ်တာဟာအကျိုးရှိတာမှန်ပေမယ့်မှန်ကန်တဲ့အချိန်နဲ့လေ့ကျင့်ခန်းအမျိုးအစား
ကိုရွေးချယ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။

ဃCredit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top