iMyanmarHouse.com - Best Property Website for Myanmar
×

မနက်ခင်းဆိုတာ တစ်နေ့တာလုံး အဆင်ပြေပြေ ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ဖို့အတွက် အရေးကြီးတဲ့အချိန်ပါပဲ။ ဒါကြောင့် မိမိမျက်နှာပေါ်မှာ အပြုံးလေးတွေ ဆင်မြန်းရင်း အိပ်ယာက နိုးထနိုင်ဖို့ လိုပါတယ်။ အပြုသဘောဆောင်တဲ့ စိတ်ကိုထားပြီး ဗိုက်သားပြားချပ်လှပစေမယ့် နည်းလမ်းတချို့ကို တန်ဖိုးထားနိုင်ဖို့ ကြိုးစားပါ။

မနက်အစာပြေ (breakfast) ဘယ်တော့မှ မရှောင်ပါနဲ့

ဒါ အရမ်းအရေးကြီးတဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မနက်အစောမို့ ခံတွင်းပျက်တယ်၊ မပျက်ဘူးဆိုတာ အရေးမကြီးပါဘူး။ အစာအိမ် ဟင်းလင်းကြီးနဲ့တော့ အပြင်ထွက်မသွားပါနဲ့။

ပရိုတိန်းဓာတ်စားသုံးပါ

ပရိုတိန်းဓာတ်က အစာချေဖျက်မှုနှေးကွေးတာကြောင့် သင့်တစ်နေ့တာကို အသားဓာတ် စားသုံးခြင်းနဲ့ စတင်လိုက်မယ်ဆိုရင် အချိန်ကြာကြာ ဗိုက်စာမှုမရှိဘဲ အာသာပြေမှု ရပါလိမ့်မယ်။ ဒိန်ချဉ်၊ ကြက်ဥ သို့မဟုတ် ပေါင်မုန့် စတာတွေက မနက်အစာပြေအတွက် အထူးကောင်းမွန်သင့်တော်ပါတယ်။

အနည်းဆုံး ငှက်ပျောသီးတစ်လုံး ပုံမှန်စားပါ

ငှက်ပျောသီးတစ်လုံး စားလိုက်ခြင်းက စွမ်းအင်များစွာရရှိစေပြီး serotonin ထုတ်လုပ်အောင် လှုံ့ဆော် ပေးပါတယ်။

ဆိုတော့ ဟုတ်ပြီ… သင့်စိတ်ကူးထဲက ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ချင်ရင်တော့ အဆီဓာတ်နဲ့ ကာဗွန်ဟိုက်ဒရိုက် စားသုံးမှု ဂရုစိုက်ဖို့ လိုပါလိမ့်မယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာလည်း သင့်ဆန္ဒပြည့်စုံစေမယ့် အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်တယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top