iMyanmarHouse.com - Best Property Website for Myanmar
×










ကောင်မလေးက သင့်ရဲ့စွဲဆောင်မှုအောက်မှာ ၀ပ်လျှိုးလာအောင် သင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ စူပါဟီးရိုးတွေလို လက်မောင်းနဲ့ကောင်မလေးကို မချီနိုင်ဖို့လိုတယ်။ သူချော်လဲတိုင်း ထိန်းပေးနိုင်ပါတယ်လို့ ကတိက၀တ်ပြုနိုင်ဖို့လိုပါတယ်။ ဒါဆိုရင်ရပြီ။

သင့်လက်မောင်းအတွက်ပဲတစ်နေကုန်စိတ်နှစ်ထားလိုက်ပါ။
လက်မောင်းကြွက်သား၊ လက်ရုံးကြွက်သား၊ လက်မောင်းရင်းနောက်ဘက်ကြွက်သား နဲ့လက်ဖျံကြွက်သား စတာတွေအားလုံးကိုနေ့ချင်းညချင်းကြီးထွားလာအောင်မလုပ်နိုင်ဘူးဆိုတာကိုတစ်ကမ္ဘာလုံးကကိုယ်ကာယ ကျွမ်းကျင်ပညာရှင်တွေဟာ လက်ခံထားပါတယ်။ သင်ဟာ လန်းဆန်းနေမယ်၊ ခန္ဓာကိုယ်ထဲမှာ ဂလိုင်ကိုဂျန်ပမာဏ ကလည်း ပြည့်နေမယ်ဆိုရင် လက်မောင်းကြီးအောင် စလုပ်ဖို့အချိန်ကောင်းပါပဲ။ ဒါဟာလက်မောင်းအတွက် အထူးပြုဖော်ပြပေးထားတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့ အချိန်မောပန်းရကျိုးနပ်စေလောက်တဲ့မြန်ဆန်တဲ့တိုးတက်မှုတွေကိုတွေ့ရမှာပါ။

အလေးတိုင်ထူထူ(အလေးတုံးလက်ကိုင်)နဲ့လက်မောင်းလေ့ကျင့်ခန်းလုပ်ပါ။
ကြွက်သားထုထည်အကြီးဆုံးနဲ့ခွန်အားအမြင့်ဆုံးကိုရဖို့အတွက်ဆိုရင်အလေးတုံးလက်ကိုင်ထူထူနဲ့ လေ့ကျင့်ပါ။ အလေးတုံးလက်ကိုင်ထူထူဟာ လက်မောင်း ဖွံ့ဖြိုးနှုန်းနဲ့ အပေါ်ပိုင်းခွန်အားအတွက် အထောက်အကူကောင်းဖြစ်သလို ပုံမှန်လက်ကိုင်တွေနဲ့  လေ့ကျင့်တဲ့သူတွေထက် အကျိုးရှိစေမှာဖြစ်ပါတယ်။

လက်ဖျံကြွက်သားတွေကိုလေ့ကျင့်ပါ။
လူတွေကိုအထင်ကြီးစေမယ့်အပိုင်းကလက်ရုံးကြွက်သားတစ်ခုတည်းမဟုတ်ပါဘူး။ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိစေဖို့ဆိုရင်လက်ဖျံကြွက်သားကိုလေ့ကျင့်ဖို့လည်း လိုအပ်ပါတယ်။ လက်ဖျံကြွက်သားလေးတွေကသေးနေမယ်ဆိုရင်တော့လက်ရုံးကြွက်သားနဲ့လက်မောင်းရင်းနောက်ဘက်
 ကြွက်သားတွေကိုဘယ်လိုပဲကျင့်ကျင့်နောက်ဆုံး လက်မောင်းသေးသေးလေးနဲ့ပဲအဆုံးသတ်သွားလိမ့်မယ်။

တံတောင်ဆစ်တွေကိုကျစ်နေအောင်လုပ်ပြီး တန်ဖိုးထားပါ။
တံတောင်ဆစ်တွေကိုကျစ်နေအောင်လုပ်ဖို့နဲ့တန်ဖိုးထားဖို့ကသိပ်အရေးကြီးတဲ့အချက်နှစ်ချက်ပါပဲ။ တံတောင်ဆစ်နေရာတွေကကျစ်နေမှလက်မောင်းဟာ ပိုကြီးသယောင်၊ ပိုသန်မာသယောင်ဖြစ်မှာပါ။ တံတောင်ဆစ်တွေကိုတန်ဖိုးထားပါဆိုတာကတော့အနာတရကင်းအောင်နေဖို့ပြောတာပါ။ ဒါဟာ သိပ်အရေးကြီးပါတယ်။ တံတောင်ဆစ်အနာတရတစ်ခုခုဖြစ်သွားမယ်ဆိုရင်ချည့်လာတာမျိုး ဒါမှမဟုတ်ပုံမှန်မဟုတ်ဘဲသိပ်ကြီးသွားတာမျိုးတွေဖြစ်တတ်ပါတယ်။

လေ့ကျင့်နည်း များများနဲ့လေ့ကျင့်ပါ။
တစ်ယောက်ယောက်ကသင့်ကိုအကောင်းဆုံးလေ့ကျင့်ခန်းဆိုပြီး လေ့ကျင့်ခန်းတစ်ခုတည်းကို ပုံမှန်လုပ်ဖို့ ပြောလာမယ်။ သင်ကလည်း ဘ၀င်ကျသွားမယ်ဆိုရင်တော့ ပြဿနာရှိနေပါပြီ။ လူတိုင်းမှာ မတူညီတဲ့ ကြွက်သားအပိုင်းတွေ၊ ကြွက်သားအမျှင်အတိုအရှည်တွေ၊ ကြွက်သားအမျှင်ဖွဲ့စည်းပုံတွေရှိပါတယ်။ ဒါကြောင့်တစ်ယောက်နဲ့တစ်ယောက်မှာဖြစ်လာတဲ့အကျိုးအာနိသင်ချင်းမတူညီပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းနည်းပေါင်းစုံကို လေ့ကျင့်ပြီး သင့်အတွက်အကောင်းဆုံးဖြစ်မယ့် လေ့ကျင့်ခန်းကိုရွေးချယ်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top