iMyanmarHouse.com - Best Property Website for Myanmar
×

ဂီတဘက်တွင် ဝါသနာ ပါသောကြောင့် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်သော ဗီဒီယိုဇာတ် ကားများတွင် ဇာတ်ဝင်တေး သီချင်းများ သီဆိုဖြစ်သော်လည်း တစ်ကိုယ်တော်ခွေထုတ်ရန် အစီ အစဉ်မရှိသေးကြောင်း နေမင်းက ပြောသည်။

‘‘သီချင်းတွေကို ဇာတ်ဝင် တေးအနေနဲ့တော့ဆိုဖြစ်တယ်။ အခွေထုတ်ဖို့ကျတော့ မထုတ်ရဲ ဘူး။ ထုတ်လည်းမထုတ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် အဲဒီလောက် Perfect မဖြစ်သေး ဘူး။ တစ်ခုအောင်မြင်ပြီး တစ်ခု လိုက်လုပ်တယ်လို့လည်းပြောမှာ ကြောက်တယ်’’ဟု ၎င်းက ပြော သည်။
ဂီတနှင့်ပတ်သက်၍ လေ့ လာသည့်အဆင့်သာရှိသေးသော ကြောင့် ပရိသတ်များအနေဖြင့် ပိုက်ဆံပေး၍ဝယ်ယူရန်မတန် သေးဟု ယူဆထားသောကြောင့် ဂီတနှင့်ပတ်သက်၍ ကြိုးစားရဦး မည်ဟု ဆိုသည်။

‘‘အသံကိုကြိုက်လို့အားပေး တာမဟုတ်ဘဲ အရုပ်ကြောင့် အားပေးတာမျိုးမဖြစ်အောင်၊ အသံကို အသံလိုပဲကြိုက်တဲ့ အရည်အသွေးတစ်ခုဖြစ်အောင် ကြိုးစားဖို့လိုတယ်’’ဟု ၎င်းက ပြောသည်။
တစ်ကိုယ်တော်အခွေအနေ ဖြင့်    မထုတ်ဖြစ်သော်လည်း သီချင်းများကို ပရိသတ်များထံ လက်ဆောင်အနေဖြင့် ပေးသွား ရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။

‘‘ရုပ်ရှင်ကရိုက်ဖို့လုပ်နေ တာတော့ရှိတယ်။ ကျွန်တော်တို့ ကုမ္ပဏီကတင် နှစ်ကားလောက် ရှိတယ်။ နောက်ပြီး အနီးစပ်ဆုံး အနေနဲ့ အောင်ဇမ္ဗူတောရဆရာ တော်ရိုက်တဲ့ ဘုရားသမိုင်းရိုက်ဖို့ ရှိတယ်။ အဲဒီဇာတ်ကားမှာ ဘုရား အလောင်းရဲ့အဖေ တံငါအလုပ် သမားတစ်ယောက်အနေနဲ့သရုပ် ဆောင်ရမယ်’’ဟု လတ်တလော ဇာတ်ကားရိုက်ကူးရေးနှင့်ပတ် သက်၍ နေမင်းက ပြောသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top