iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ် လက်ခံမှုရရှိလာသော ဇာတ်ပို့ သရုပ်ဆောင်တစ်ဦး ဖြစ်သည့် ဆုမြတ်နိုးဦးက ကာရိုက်တာ ရွေးချယ်မှုပိုင်းနဲ့ ပတ်သက်ပြီး ကာရိုက်တာစုံ သရုပ်ဆောင် နိုင်အောင် ကြိုးစားနေကြောင်း ပြောသည်။   ညီမအနေနဲ့ အနုပညာရှင်တွေ အားလုံးနီးပါးက ကာရိုက်တာ ပုံစံမျိုးစုံကို သရုပ်ဆောင် ချင်မယ်လို့ ထပ်ပါတယ်။

ညီမ ကိုယ်တိုင်လည်း အနုပညာရှင်တွေ ဆိုတာ ကာရိုက်တာ မျိုးစုံကို သရုပ်ဆောင်နိုင် ရမယ်လို့ ခံယူထား တယ်။ ဒီအတွက်ကြောင့် ကာရိုက်တာ မျိုးစုံကို သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်ကောင်း တစ်ယောက် ဖြစ်အောင် အမြဲ ကြိုးစားနေ ပါတယ်။ ညီမအနေနဲ့ ဆိုရင် ခေတ်အေးအေး ကာရိုက်တာလေးတွေ ကိုပဲ သရုပ်ဆောင်တာ များတယ်လို့ ထင်တယ်။

ဒါ့ကြောင့် ဒီနှစ်ထဲမှာ ခပ်ကြမ်းကြမ်း အက်ရှင်ကာ ရိုက်တာမျိုး လေးကို ခပ်စွာစွာ၊ ခပ်ထက်ထက် မိန်းကလေး တစ်ယောက်ရဲ့ ကာရိုက်တာမျိုးကို သရုပ်ဆောင်နိုင်အောင် ကြိုးစားနေ ပါတယ်။ နောက်ဆုံး ပြောချင် တာကတော့ ညီမအနေနဲ့ ကာရိုက်တာ မျိုးစုံကို သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်အောင် ကြိုးစားသွား မှာပါ  ဟု ဆုမြတ်နိုးဦးမှ ပြောသည်။ ဆုမြတ်နိုးဦးသည် ယခုနှစ်အတွင်း၌ ခေါင်းဆောင် မင်းသမီး အနေဖြင့် သရုပ်ဆောင်ရန် ရှိကြောင်းနှင့် ရုပ်ရှင်ဇာတ်ကားကြီး သရုပ်ဆောင်ရန် ရှိကြောင်းလည်း သိရသည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top