iMyanmarHouse.com - Best Property Website for Myanmar
×










အမျိုးသားတွေဟာ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့နေသလို ခံစားရတတ်ကြပါတယ်။ ဒါ့အပြင် စိတ်လုံခြုံမှုကင်းမဲ့နေတာမျိုးကိုလည်း သူတို့ ခံစားနေတတ်ကြပါတယ်။ ကိုယ့်ချစ်သူကောင်လေးမှာ ဒီလိုအဖြစ်မျိုး၊ပုံစံမျိုး ရှိနေပြီဆိုရင် သင့်အနေနဲ့ သူ့ကို ဒီလိုခံစားချက်မျိုးတွေ မရှိတော့အောင်လို့ ဖေးမကူညီနိုင်မှသာ သင်တို့အချစ်ရေး ရေရှည်သွားနိုင်ပါလိမ့်မယ်။

၁။သူ စိတ်မလုံမခြုံ ခံစားနေရတဲ့ အရာတွေက ဘာတွေလဲဆိုတာ သင်သိအောင် လုပ်ပါ။

ကိုယ့်ချစ်သူ ဘာ့ကြောင့် ဒီလို ခံစားနေရတာလဲဆိုတဲ့ အရင်းအမြစ်ကိုသိမှ သူ့ကို သင်ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ ဆက်စဉ်းစားနိုင်မှာပါ။ ဒါ့ကြောင့် သူ ခံစားနေရတဲ့အရာတွေကို သိအောင် ကြိုးစားပါ။ မိသားစုကြောင့် သူဒီလိုတွေ ခံစားနေရသလား၊ သူ့အရင်ရည်းစားက သူ့ကို လိမ်ညာခဲ့လို့ ခုလို ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့နေသလား၊ အလုပ်ကြောင့်လား စတဲ့ အကြောင်းရင်းကို သိအောင်လုပ်ပါ။

၂။သူ့ကို သင်ဘယ်လိုမြင်သလဲဆိုတာ သူသိအောင် ပြောပြပေးပါ။

အမျိုးသားတွေဟာ ငါခုလုပ်နေတာ ဘာတွေများဖြစ်နေပြီလဲ။ ဟုတ်ရောဟုတ်ရဲ့လား။ တစ်ဖက်လူအဆင်ပြေရဲ့လား စသဖြင့် တစ်ခါတစ်လေ တွေးမိတတ်ကြပါတယ်။ တွေဝေတာမျိုးတွေလည်း ရှိတတ်ကြပါတယ်။ ဒီတော့ သင်လုပ်ပေးရမှာက သင့်အမြင်မှာတော့ သူဟာ ဘယ်လိုဆိုပြီး ပြောပြပေးပါ။ သူဟာ ဘယ်နေရာတွေမှာ တော်ကြောင်း၊ သင်လေးစားရတဲ့အချက်တွေက ဘာဖြစ်ကြောင်း စတာတွေကို သူ့ကို မကြာခဏ ပြောပြပေးပါ။ ဒါဆို သူဟာ တစ်ဖြည်းဖြည်းနဲ့ ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပြန်ရရှိလာပါလိမ့်မယ်။

၃။သူ့ကို လက်တွေ့ လုပ်ဆောင်နိုင်အောင် သင်က ဦးဆောင်လိုက်ပါ။

သူဘာ့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရသလဲဆိုတဲ့ အကြောင်းရင်းကို သင်သိသွားပြီဆိုရင် သူနဲ့အတူ ဒါတွေကို လုပ်ဆောင်ပေးလိုက်ပါ။ ကိုယ့်သူငယ်ချင်းတွေနဲ့ ပေးတွေ့တာမျိုး၊ သူ့မိသားစုဝင်တွေနဲ့ ကိုယ်က ပိုရင်းရင်းနှီးနှီးနေပြပြီး သူ့ကိုပါ ဆွဲခေါ်သွားတာမျိုး စသဖြင့် သင်လုပ်ဆောင်နိုင်သလောက် လုပ်ဆောင်ပေးလိုက်ပါ။

၎။သင့်အနေနဲ့ သူခံစားတတ်တဲ့အရာတွေကို မလုပ်မိအောင်၊ မပြောမိအောင် အတတ်နိုင်ဆုံး ထိန်းပါ။

နှစ်ဦးသား ကတောက်ကဆတွေဖြစ်တဲ့အခါ သူခံစားနေရတဲ့အရာတွေကို ပြန်အစဖော် ပြောဆိုတာမျိုး မလုပ်မိပါစေနဲ့။ ဒါ့အပြင် သူဘယ်လိုအရာမျိုးတွေကို မလုံမခြုံခံစားနေရသလဲဆိုတာကို သိရင် ဒါတွေကို မပြောမိအောင်၊ သူနာကျင်သွားအောင် မလုပ်မိဖို့ သင်ထိန်းပါ။

Credit : Trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top