iMyanmarHouse.com - Best Property Website for Myanmar
×










ခေါင်းလျှော်တဲ့အခါ တစ်ပတ်မှာ ဘယ်နှစ်ခါလျှော်တာ အကောင်းဆုံးဖြစ်မလဲဆိုတာ အမြဲမေးခွန်းထုတ်စရာ ဖြစ်နေတတ်ပါတယ်။ ကိုယ်က လျှော်သင့်တာထက် ပိုလျှော်မိပြန်ရင်လည်း ဆံပင်သားတွေ ခြောက်သွေ့တတ်တာကြောင့်ပါ။ ဒီတော့ စဉ်းစားရမှာက လူတစ်ဦးချင်းစီရဲ့ ဆံပင်သားက တူညီမှုမရှိဘူးဆိုတာပါပဲ။
ဒီပြသနာကို သုတေသီတွေက ဖြေရှင်းပေးလိုက်ပါပြီ။ ဒီတော့ ခေါင်းလျှော်ဖို့အတွက် သိထားရမယ့်
အရာတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။အသားအရေအမျိုးအစား
တကယ်လို့ သင့်အသားအရေက အဆီလည်း သိပ်မပြန်ဘူး၊ အရမ်းလည်း မခြောက်ဘူး၊ ကြားအနေအထားလောက်ပဲ ရှိတင်ဆိုရင် သင်ဟာတစ်ပတ်ကို တစ်ခါ၊ ဒါမှမဟုတ် နှစ်ခါလောက် လျှော်ရုံနဲ့ အဆင်ပြေပါတယ်။ ဒါဟာ ဦးရေပြားနဲ့လည်း ဆက်စပ်မှုရှိနေတာကြောင့်ပါ။ အရေပြားက အဆီပြန်တဲ့ဘက် ရော်ကနေတယ်ဆိုရင်တာ့ နေ့တိုင်းခေါင်းလျှော်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် တစ်ခုသိထားရမှာက အဆီတွေများလို့ ခေါင်းကို အရမ်းလျှော်တဲ့သူတွေဟာ ဦးရေပြားတေါ ခြောက်သွေ့ပြီး အဆီပိုထုတ်တာမျိုးတွေတော့ ဖြစ်တတ်ပါတယ်။

၂။ဆံပင်အမျိုးအစား
Columbia တက္ကသိုလ်က သုတေသီတွေရဲ့ အဆိုအရတော့ ကွဲပြားခြားနားတဲ့ ဆံပင်သားတွေကို လိုက်ပြီး treatment တွေလည်း ကွဲပြား သွားသင့်ပါတယ်။ သင့်ဆံသားကပုံစံက လှိုင်းတွန့်တာမျိုးတွေဖြစ်မယ်၊ နည်းနည်း လိမ်ကောက်နေမယ်ဆိုရင် သူက အဆီပြန်တာမျိုးတွေ သိပ်မဖြစ်တတ်ပါဘူး။ ဒီလိုဆံပင်မျိုးဟာ တစ်ပတ်ကို တစ်ခါခေါင်းလျှော်ပေးရုံနဲ့ အဆင်ပြေပါတယ်။ သင့်ဆံသားက ကောင်းတယ်၊ ပြီးတော့ ဖြောင့်ဖြောင့်စင်းစင်းလေး ဆိုရင်တော့ တစ်ပတ်ကို နှစ်ခါလျှော်ပေးင့်ပါတယ်။ ဒီထက် ပိုရင်လည်း ရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top