iMyanmarHouse.com - Best Property Website for Myanmar
×










လူအယောက် ၃,၀၀၀ စစ်တမ်း ကောက်ယူမှုအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုမိုလိမ်ညာတတ်ကြကြောင်း တွေ့ရပါတယ်။ ချစ်သူရည်းစားချိန်းတွေ့မှု ဆိုင်ရာ ဗြိတိသျှကုမ္ပဏီ Coffee & Company မှ ပြုလုပ်တဲ့ စစ်တမ်းမှာ အမျိုးသား ၉% ယုံမှား သံသယကင်းနေချိန်မှာ ၂၅% ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ နောက်တစ်ယောက်အတွက် သစ္စာဖောက်ကြကြောင်း ဖော်ပြထားပါတယ်။

အသက် ၃၅ မှ ၄၀ အရွယ် အမျိုးသမီးတွေ သစ္စာမဲ့တတ်ကြပြီး ဟိုစပ်စပ် သည်စပ်စပ် လုပ်နိုင်ချေ အများဆုံးဖြစ်တယ်လို့ စစ်တမ်းက အခိုင်အမာ ဆိုထားပါတယ်။ ထင်ရှားတဲ့ အကြောင်းအရာတစ်ခုက သူတို့တွေထဲက အများစုဟာ သားသမီးမထွန်းကားသူတွေဖြစ်မယ်ဆိုရင် နှစ်လိုဖွယ် ညအိပ်အနှမ်းတစ်ပွင့်နဲ့ မရောင့်ရဲသူတွေ ဖြစ်ကြတယ်လို့ သတင်းအစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒါဟာ အမျိုးသမီးတွေ သူတို့လက်တွဲဖော်တွေပေါ် လိမ်ညာတတ်တဲ့ တစ်ခုတည်းသော အကြောင်းရင်းတော့ မဟုတ်သေးပါဘူး။ အများစုက စိတ်လွတ် ကိုယ်လွတ် အချစ်ကို ထပ်ရှာကြပါတယ်။ နှစ်ဦးနှစ်ယောက်ကြား ဖိုမသဘာဝ ငြီးငွေ့စရာဖြစ်လာရင် ပျော်ရွှင်မှုပေးနိုင်မယ့် တခြားတစ်ယောက်ယောက်ဆီ အမျိုးသမီးတွေ ခြေဦးလှည့် သွားတတ်တယ်လို့လည်း စစ်တမ်းမှာ ဆိုထားပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top