iMyanmarHouse.com - Best Property Website for Myanmar
×










တောင်ကိုရီးယား မိန်း ကလေးအဆိုရှင်များအဖွဲ့ Dal Shabet သည် မီနီအယ်လ်ဘမ် သစ်ဖြစ်သော Joker Is Alive အယ်လ်ဘမ်တွင် ပါဝင်မည့် သီချင်းများစာရင်းကို ဧပြီ ၆ ရက် ၌ တရားဝင်လူမှုမီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာသည်။Dal Shabet အဖွဲ့၏ မီနီ အယ်လ်ဘမ်သစ်တွင် To Darling, Bewitched, Joker, I'm Not နှင့် Ok Boy သီချင်းများ ပါဝင်မည်ဖြစ်သည်။

အယ်လ်ဘမ်သစ်တွင်ပါဝင် သော သီချင်းငါးပုဒ်စလုံးကို Dal Shabet အဖွဲ့ဝင် ဆူဘင်က အားဖြည့်ကူညီထားသည်ဟု ယင်းအဖွဲ့က ပြောသည်။ဆူဘင်သည် ယင်းအယ်လ် ဘမ်၏    သီချင်းများအားလုံး၌ ပါဝင်ရေးသားခြင်းနှင့် သီဆိုထား သည်။
အဆိုပါဖြစ်ရပ်သည် ကိုရီး ယားရှိ မိန်းကလေးကေပေါ့ပ်အဖွဲ့ များကြားတွင် ပထမဆုံးဖြစ်ရပ် ဖြစ်သည်။
Dal Shabet အဖွဲ့ဝင်များ အားလုံး   ပါဝင်တင်ဆက်ထား သော ယင်းမီနီအယ်လ်ဘမ်သစ် ကို ဧပြီ ၁၅ ရက်တွင် ဖြန့်ချိမည် ဖြစ်သည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top