iMyanmarHouse.com - Best Property Website for Myanmar
×









ကိုယ် သဘောကျနေတဲ့ တစ်စုံတစ်ယောက် (သို့) ကိုယ့်ရဲ့ အသစ်စက်စက် ချစ်သူရည်းစား နဲ့ ပထမဆုံး ချိန်းတွေ့ကြတဲ့အခါမှာ ယောကျာင်္းလေးတွေရော မိန်းကလေးတွေပါ စိတ်လှုပ်ရှားနေကြမှာပါ။ အဲဒီလို ပထမဆုံး ချိန်းတွေ့တဲ့နေ့တွေမှာ မိန်းကလေးတွေအတွက် ရည်ရွယ်ထားခြင်းကြောင့်ဖြစ်စေ ၊ မရည်ရွယ်ပဲဖြစ်စေ ပြုလုပ်လိုက်မိတဲ့ ကိစ္စရပ်လေးတွေရှိပါတယ်။ အဲဒါတွေကတော့

၁။ Menu နဲ့ တိုင်ပတ်နေခြင်း
အဲဒီလိုချိန်းတွေ့တဲ့ နေ့တွေမှာ ယောကျာင်္းလေးတွေဟာ Menu ကြည့်ပြီးရင် တွေ့တာ တစ်ခုခုကို အမြန်မှာတတ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေ အတွက်ကတော့ Menu ကိုကြည့်ရင်း ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေ တတ်ပါတယ်။ ငါ ဒါကိုမှာလိုက်ရင် ဈေးကြီးနေမလား ၊ ငါဒါတွေစားနေရင် သူငါ့ကို သဘောကျပါတော့မလား ၊ ငါသူ့ရှေ့မှာ ဒါကို စားလို့ဖြစ်ပါ့မလား ဆိုတဲ့ မေးခွန်းတွေကို တစ်ယောက်ထဲ တိတ်တိတ်လေးမေးရင်း Menu စာအုပ်ကို ကိုင်ထားမိနေတတ်ပါတယ်။

၂။ ပြောစရာစကားမရှိမှာ စိုးရိမ်နေခြင်း
များသောအားဖြင့် ချိန်းတွေ့တဲ့အခါမှာ စကားတွေပြောစရာ အများကြီးရှိနေမှာပါ။ ဒါပေမယ့် ပထမဆုံး အကြိမ် ဆိုရင်တော့ ပြောစရာစကားတွေ ပျောက်နေတတ်ပါတယ်။ ရည်းစားဟောင်းတွေအကြောင်း ၊ ကိုယ်ကြိုက်တဲ့ အဆိုတော်တွေအကြောင်း နဲ့ အိမ်မှာမွေးထားတဲ့ကြောင်တွေအကြောင်း စတာတွေကို ပြောမိရင် ပြောမိပါလိမ့်မယ်။ ပြီးရင်တော့ သူငါ့ကို စကားများတယ်လို့ ထင်သွားမလား ဆိုတဲ့ ဒွိဟလေးတော့ မိန်းကလေးတိုင်းဖြစ်မိပါလိမ့်မယ်။

၃။ သူငယ်ချင်းတွေကို အသိပေးခြင်း
မိန်းကလေးတွေဟာ ကိုယ် Date လုပ်နေတဲ့အချိန်တွေမှာ သူငယ်ချင်းတွေကို စာပို့ပြီးဖြစ်စေ ၊ ဖုန်းဆက်ပြီုး ဖြစ်စေ ကြွားချင်ကြပါတယ်။ ဒါပေမယ့် အဲဒီလို ကြွားတဲ့အခါမှာ ကိုယ်နဲ့ချိန်းထားတဲ့သူကို လစ်လျူရှုပြီး ဖုန်းသုံးနေတာမျိုးကတော့ ရိုင်းရာရောက်ပါတယ်။ အိမ်သာ ခဏသွားဦးမယ်ဆိုပြီး သူငယ်ချင်းတွေကို ကြွားလိုက်ပါ။ တစ်ချို့မိန်းကလေးတွေလည်း ကြုံဖူးပြီးသားဖြစ်မှာပါ။

၎။ စိုက်ကြည့်နေမိခြင်း
မိန်းကလေးတွေရော ယောကျာင်္းလေးတွေရော ချိန်းတွေ့တဲ့အခါမှာ စိုက်ကြည့်ဖို့အတွက် ရှက်နေကြမှာပါ။ ဒါပေမယ့်လည်း မျက်လုံးခြင်း စကားပြောနိုင်ဖို့ ကြိုးစားရင်း စိုက်ကြည့်နေမိသွားပါတယ်။ ကိုယ်စိုက်ကြည့်နေတာ တစ်ဖက်လူ သိသွားရင်လည်း ရှိုးတိုးရှန်းတန့် ဖြစ်သွားတာမျိုးတော့ မိန်းကလေးတိုင်း ကြုံခဲ့ဖူးမှာပါ။

၅။ ပြုံးနေမိခြင်း
ချိန်းထားတဲ့ နေရာကို ရောက်ကတည်းက မိန်းကလေးတိုင်း လုပ်လေ့ရှိတဲ့အရာပါ။ ပြုံးနေတာပါ။ အိမ်သာ သွားရင်လည်း ပြုံးနေတတ်ပါတယ်။ တစ်ဖက်လူက တစ်ခုခုပြောလိုက်တိုင်းလည်း ပြုံးနေတတ်ပါတယ်။ စိတ်မကောင်းဖြစ်စရာတွေ ပြောတဲ့အချိန် ကလွဲလို့ပေါ့၊

၆။ သက်တောင့်သက်သာ မရှိတဲ့ တစ်ခုခုကို ၀တ်လာမိခြင်း
ဖိနပ်ဖြစ်စေ ၊ စကတ်ဖြစ်စေ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ၀တ်လာတဲ့တစ်ခုခုကတော့ သက်တောင့်သက်သာ မဖြစ်သလို မိန်းကလေးတိုင်း ခံစားနေရမှာပါ။ အဲဒီအ၀တ်အစားတွေ ၀ယ်လာတုန်းကတော့ အားလုံး အဆင်ပြေမှာပါ။ အိမ်ကထွက်လာတုန်းကလည်း အကောင်းပါ။ ဒါပေမယ့် ချိန်းထားတဲ့ နေရာရောက်ရင်တော့ ဖိနပ်ကလား စကတ်ကလား တစ်နေရာရာမှာတော့ အဆင်မပြေဖြစ်နေတတ်ပါတယ်။

Credit : TrendMyanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top