iMyanmarHouse.com - Best Property Website for Myanmar
×

ပြိုင်ကား ၀ါသနာရှင်တွေနဲ့ လူငယ်တွေရဲ့ အသည်းစွဲ ရုပ်ရှင် တစ်ခုဖြစ်တဲ့ “Fast & Furious” ဇာတ်လမ်း တွဲတွေရဲ့  ၇ ခုမြောက် ဇာတ်လမ်းတွဲဖြစ်တဲ့ “Furious 7” ကို စတင် ရုံတင်ပြသ ခဲ့ပါတယ်။ အား လုံးစောင့်မျှော်နေ ကြ တဲ့ “Furious 7” ဇာတ်လမ်းကို စတင်ပြသခဲ့တဲ့ ပွဲဦးထွက်မှာတော့ အဓိက သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ Vin Diesel က ဒီဇာတ်လမ်းနဲ့ ပတ်သက်တာတွေကို မျက်ရည်တွေကြားက ပဲ ပြောပြခဲ့ပါတယ်။

“Furious 7” မှာပါဝင် သရုပ်ဆောင် ထားသူ တစ်ယောက်ဖြစ်တဲ့ Paul Walker ဟာ ထိုဇာတ်လမ်း ရိုက် ကူးနေ စဉ် ၂၀၁၃ နိုဝင်ဘာလ က အားလပ်ချိန် အတွင်း ကားတိုက် မှုကြောင့် သေဆုံး သွားခဲ့ ရတာဖြစ် ပါတယ်။ “မနှစ်က တုန်းက ရိုက်ကူးရေးပြန်စတဲ့ အချိန်တွေက ခက်ခဲခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ရုပ်ရှင် တစ်ခု ဆိုတာထက် ပိုပါတယ်။ ခင်ဗျားတို့ကြည့်ပြီးရင် ခံစားမိမှာပါ။ ကြေကွဲစရာကောင်းတဲ့ တစ်ခုခုတော့ ခင်ဗျားဖြစ်သွား လိမ့်မယ်”လို့ Vin Diesel ကဆိုပါတယ်။

 သေဆုံးသွားတဲ့ မင်းသား Paul Walker ဟာ ယဉ်ကျေးပြီး ဂရုစိုက်တတ်တဲ့ လူတစ်ယောက်ဖြစ်ကြောင်းနဲ့ သူ့ကို ဆုံးရှုံးရတာဟာ ကြီးမားတဲ့ နစ်နာမှု တစ်ခုဖြစ်တယ် လို့လည်း Furious 7 ဇာတ်လမ်းရဲ့ ထုတ်လုပ်သူ Neal Moritz ကဆိုပါတယ်။ “အားလုံးသိတဲ့ အတိုင်းပဲ ဒီဇာတ်လမ်း ရိုက်ကူးရင်းနဲ့ ခင်ဗျားတို့ ချစ်တဲ့ မင်းသားကို ဆုံးရှုံးလိုက် ရပါတယ်။ ကျွန်တော်တို့ Paul Walker ကိုချစ်ပါတယ်။ ကျွန်တော်တို့ ဇာတ်လမ်းရဲ့ တစ်စိတ် တစ်ပိုင်း အဖြစ် Paul ဟာ အမြဲရှိနေမှာပါ။” လို့ Moritz ကဆိုပါတယ်။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top