iMyanmarHouse.com - Best Property Website for Myanmar
×










Johnny Depp ဆိုတဲ့ မင်းသားအသစ်တစ်ယောက် ဟောလီးဝုဒ်မှာ ပေါ်လာတော့ မိန်းကလေးတွေ သည်းသည်းလှုပ် ဖြစ်ခဲ့ဖူးပါတယ်။ အိုင်းရစ်ရှ်နဲ့ ဂျာမန်သွေး ပါသူ Depp ဟာ သူ့အဖေရဲ့  အဘွားဖြစ်သူဆီက ချဲရိုကီတို့ ရုပ်သွင်ဖြစ်တဲ့ ပါးရိုးအကျ နဲ့ နှာတံကို ရရှိပြီး ချောမောနေတော့ မိန်းကလေးတွေ အဖြစ်သည်းမယ်ဆို သည်းလောက်ပါတယ်။ Depp ရဲ့  နာမည်အပြည့်အစုံက John ChristopherDeppII ဖြစ်ပြီး၁၉၆၃ခုနှစ်ဇွန်လ၉ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းမောင်နှမတွေကတော့ Depp အပါအဝင် လေးယောက်ရှိပြီး ယောက်ျားလေး နှစ်ယောက်၊ မိန်းကလေး နှစ်ယောက် ဖြစ်ပါတယ်။

 Depp ဟာ ငယ်စဉ်ကလေးဘဝကတည်းက
မြို့ ပေါင်း ၂၀ ကျော် ပြောင်းရွေ့နေထိုင်ခဲ့ရပြီး အသက် ၇ နှစ် အရွယ်ရောက်တော့မှ ဖလော်ရီဒါပြည်နယ်၊ Miramar ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ မိဘတွေ အဆင်မပြေမှုကြောင့် စိတ်ဖိစီးမှုဖြစ်ပြီး Depp ဟာ ကလေးဘဝတုန်းက ကိုယ့်ကိုယ်ကို ဓားနဲ့ မွှန်းခဲ့တဲ့အတွက် အမာရွတ် ၈ ခုလောက် ကျန်ခဲ့ပါတယ်။ Depp ဟာ အသက် ၁၄ နှစ် အရွယ်ရောက်တော့ မူးယစ်ဆေးဝါးကို စတင်သုံးစွဲမိသွားပါတယ်။ အရာရာကို စူးစမ်းချင်တဲ့အရွယ်လည်း ဖြစ်တော့ သော့ခတ်ထားတဲ့ စာသင်ခန်းတံခါးတွေကို ရိုက်ချိုးပြီး အထဲမှာ ဘာတွေရှိလဲသိချင်လို့ လျှောက်ကြည့်ခဲ့ပါတယ်။ ဒါ့အပြင် Depp ဟာ ငယ်ငယ်တုန်းက ခဏခဏ အဖမ်းခံခဲ့ရပေမယ့် ပထမဦးဆုံး အဖမ်းခံရတဲ့ပြစ်မှုကတော့ ဗန်ကူးဘားမှာ မူးယစ်ဆေးဝါးရောင်းချလို့ပဲ ဖြစ်ပါတယ်။ အသက် ၁၅ နှစ် အရွယ်လောက်မှာ အဖေနဲ့အမေ ကွာရှင်းပြတ်စဲလိုက်တဲ့အတွက်ကြောင့် Depp ဟာ ကျောင်းဆက်မတက်တော့ဘဲ ထွက်လိုက်ပါတယ်။

အဲဒါကြောင့် Depp ဟာ ROCK ဂီတသမားတစ်ယောက် ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ အမေဖြစ်သူကလည်း Depp အသက် ၁၃ နှစ် အရွယ်လောက်တုန်းက ဂစ်တာတစ်လက် လက်ဆောင် ဝယ်ပေးခဲ့တဲ့အတွက် ဂစ်တာတီးခတ်ခြင်းကို ပိုပြီးတော့ ဦးစားပေးခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်လောက်မှာ Depp ဟာ The Kids လို့ အမည်ရတဲ့ Garage သီချင်းအမျိုးအစားတွေ တီးခတ်တဲ့ တီးဝိုင်းမှာ ဂစ်တာသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ The Kids တီးဝိုင်းဟာ L.A တစ်ဝိုက်မှာ အောင်မြင်မှုရရှိခဲ့တဲ့အတွက် ဓာတ်ပြားတိုက်တွေက စာချုပ်ချုပ်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တီးဝိုင်းနာမည်ကို Six Gun Method လို့ ပြောင်းလဲခဲ့ပါတယ်။ ဂစ်တာသမားဖြစ်သူ Depp ဟာလည်း ၁၉၈၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ မှာ တီးဝိုင်းက ဒရမ်သမားရဲ့  ညီမဖြစ်သူ မိတ်ကပ်ပညာရှင် Lori Anne Allison နဲ့ လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ပြားမထုတ်ဖြစ်ခင်မှာပဲ တီးဝိုင်း ပြိုကွဲသွားခဲ့တဲ့အတွက် အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့ကြပါတယ်။

 နောက်ပိုင်းကျတော့ Depp ဟာ Kock City Angles တီးဝိုင်းထဲကို ရောက်သွားပြီး Mary သီချင်းကို ပေါင်းရေးပြီးတော့ Young Man's Blues ဆိုတဲ့ ပထမဆုံး အယ်လ်ဘမ်မှာ ထည့်ခဲ့ကြပါတယ်။ Depp ဟာ ဂစ်တာသမားအဖြစ် အောင်မြင်ဖို့ သိပ်မသေချာတဲ့အတွက် မိန်းမဖြစ်သူ Lori Anne Allison က ရုပ်ရှင်မင်းသား Nicolas Cage နဲ့ မိတ်ဆက်ပေးခဲ့တယ်။ ဒါ့အပြင် မိန်းမဖြစ်သူရဲ့  တိုက်တွန်းမှုကြောင့် Depp ဟာ ၁၉၈၄ ခုနှစ်ဝန်းကျင်မှာ A Nightmare On Elm Street ဆိုတဲ့ ပထမဆုံး ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ မိန်းမဖြစ်သူ Lori Anne Allison နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြပါတယ်။ ၁၉၈၇ ခုနှစ်လောက်မှာ တက်သစ်စ မင်းသား Depp ဟာ 21 Jump Street ဆိုတဲ့ ရုပ်သံစီးရီးပေါက်သွားလို့ "teen idol" ဖြစ်ပြီး ပေါ်ပြူလာဖြစ်သွားခဲ့ပါတယ်။


ဒါပေမယ့် Depp ဟာ Tim Burton
ရုပ်ရှင်က ရိုက်တဲ့ Edward Scissorhands ဇာတ်ကားအပြီးမှာတော့ "teen idol" ဆိုတဲ့ ဘဝကို အပြီးတိုင် ကျောခိုင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကာလတွေမှာ Depp ဟာ Edward Scissorhands, Ed Wood, Donnie Brasco နဲ့ Sleepy Hollow ဆိုတဲ့ ဇာတ်ကားတွေမှာ နေရာကောင်း ရရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ Pirates of the Caribbean: The Curse of the Black Pearl နဲ့ အမျိုးသားဇာတ်ဆောင်ဆု အော်စကာ လျာထားခြင်း ခံခဲ့ရပါတယ်။ Depp ရဲ့  အောင်မြင်တဲ့ ဇာတ်ဆောင်နေရာက ရုပ်ရှင်ဇာတ်ကားတွေကတော့ Finding Neverland, Charlie and the Chocolate Factory, Dark Shadows, Once Upon a Time in Mexico, From Hell, The Lone Ranger, Sweeney Todd: The Demon Barber of Fleet Street, ကာတွန်းဇာတ်ကောင်ရုပ်ရှင် Rango နဲ့ နာမည်ကျော် ပင်လယ်ဓားပြဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ Depp ဟာ ပြင်သစ်အနုပညာရှင် ရုပ်ရှင်မင်းသမီး Vanessa Paradis နဲ့ သားသမီးနှစ်ဦး ထွန်းကားခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ မေလမှာ Lily-Rose Melody Depp ဆိုတဲ့ သမီးတစ်ယောက်ကို မွေးဖွားခဲ့ပြီး
၂၀၀၂ ခုနှစ် ဧပြီလမှာတော့ သားဖြစ်သူ Jack John Christopher Depp ||| ကို မွေးဖွားခဲ့ပါတယ်။

အနှစ်ချုပ်ရရင်တော့ လက်ရှိအချိန်မှာ အသက်အရွယ်အားဖြင့် ၅၁ နှစ် ရှိနေပြီဖြစ်တဲ့
Depp ဟာ မိန်းမဖြစ်သူ မင်းသမီးချော
Amber Heard နဲ့အတူ နေထိုင်ရင်း အနုပညာအလုပ်တွေကို
တောက်လျှောက်လုပ်ကိုင်နေပြီး
ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့
Pirates of the Caribbean: Dead Men Tell No Tales (2017) ကိုလည်း ရိုက်ကူးနေပါတယ်။

Credit :\m/ Welcome to Rock 'n' Roll \m/

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top