iMyanmarHouse.com - Best Property Website for Myanmar
×

 သောကြာနေ့ က Fox သတင်း တင်ဆက်သူ Chris Wallace က အဆိုတော် Kelly Clarkson ရဲ့ ကိုယ် အလေး ချိန်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်ပေးခဲ့ပါတယ်။ စနေနေ့  မှာတော့ အင်တာနက်ပေါ် ပျံ့နှံ့ ခဲ့ ပါတယ်။ တနင်္ဂနွေနေ့မှာ သူက လူထု တစ်ခုလုံးကို ပြန်လည်တောင်းပန်ခဲ့တယ်။ တော်တော်လေး အပြောင်း အလဲ မြန်တဲ့သူပဲနော်။ Wallace က ဘယ်လိုပြန်ပြောခဲ့လဲ ဆိုတော့ ‘Kelly Clarkson ကို တိုက်ခိုက် သလိုဖြစ် သွားတဲ့ ကျွန်တော့်ရဲ့ ထင်မြင်ချက် အတွက် အနူး အညွှတ်တောင်းပန်ပါတယ်။
ကျွန်တော်က သူ့ ရဲ့ အသိ အမှတ်ပြု စရာကောင်းတဲ့ စွမ်းရည်တွေကို အားကျတဲ့ အတွက် သူနဲ့  ပတ်သက်တဲ့ ဘာကိစ္စကို မဆို ဆွေးနွေးနေမိတာပါ’ တဲ့။ ဘယ်လို စိတ်မကျေနပ် စရာကောင်းတဲ့ အကြောင်းအရာတွေလဲ ဆိုတော့ ဒီတစ်ပါတ်သောကြာနေ့ မှာပေါ့ Wallace တစ်ယောက်’The Mike Gallagher Show’မှာ အစီအစဉ် တင် ဆက်သူ Mike Gallagher နဲ့ အတူ Clarkson ကိုရည်ညွှန်းတဲ့ မခံ မရပ်နိုင်ဖြစ်စေ တဲ့ ပြောဆို မှုတွေ ပြု လုပ် ခဲ့ပါတယ်။

အရင်ဆုံး Gallagher က’ငါ့ကို ၀တယ်ပြောပြီး ရှက်စရာကောင်းအောင် မလုပ်နဲ့။ ၀လို့  ရှက် စရာကောင်းတယ် ဆိုပြီး မင်းလုပ်ခဲ့လို့ အခု’         Fat Shaming’ ဆိုတဲ့     စကားတောင်ဖြစ်နေပြီ။ မင်းKelly Clarkson ကိုမြင်ဘူးတယ်မလား။ သူပိုပြီး ၀လာသေးလား လို့ ပြောခဲ့တယ်။ ဘာပဲဖြစ်ဖြစ် Wallace ကတော့ Clarkson မှာ နှစ်သက်စရာကောင်းတဲ့ အသံရှိတယ်လို့ ပြောပြီး Gallagher ကို စကား လမ်းကြောင်းလွှဲဖို့ ကြိုးစားခဲ့ပါတယ်။
အနည်းဆုံးတော့ သူလည်း ဒီစော် ကားမှု ကို ထောက်ခံ ခဲ့ တာ ပါပဲ။’Clarkson တစ်ယောက် ပီဇာ နဲ့ဝေးပြီး ခဏလေးဖြစ်ဖြစ်တော့ နေနိုင်မှာပါ’ တဲ့။ ဒီလိုဆိုရင်တော့ Wallace ရဲ့တောင်းပန်ခြင်းက အတော် အသင့်တော့ ထိုက်တန်တယ် လို့ပြောလို့ ရတာပေါ့။ မေးခွန်း တစ်ခု ရှိတယ်။ ဘယ်မှာလဲ Gallagher တောင်းပန်တာ ဘာလို့လဲဆိုတော့ ‘fat shaming’ နဲ့  ပတ်သက်ပြီး သူလည်း သက်ဆိုင်တဲ့သူ တစ်ယောက်ပဲလေ။

Credit: Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top