iMyanmarHouse.com - Best Property Website for Myanmar
×

အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ကြော်ငြာများကြည့်ရှု့ နိုင်ပြီး ကိုယ်တိုင်လည်း ကြော်ငြာတင်နိုင်မည့် iMyanmarHouse Mobile Application ကို iMyanmarHouse.com ဝဘ်ဆိုဒ်ကို တည်ထောင်ထားသည့် iMyanmar ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ချိလိုက်ကြောင်း သိရသည်။


အဆိုပါ Application တွင် အိမ်ခြံမြေ ကြော်ငြာများကို သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ မြို့နယ် နှင့် အမျိုးအစား အလိုက် ရှာဖွေမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပြီး အိမ်ခြံမြေ သတင်း၊ အိမ်ခြံမြေ ဗဟုသုတ၊ အိမ်ခြံမြေ အမေးအဖြေ၊ အိမ်ခြံမြေ မိတ်ဆက်၊ အိမ်ခြံမြေ အင်တာဗျူး အစရှိသော အိမ်ခြံမြေနှင့် ပတ်သတ်သည့် စိတ်ဝင်စားဖွယ်ရာများကိုလည်း ဖတ်ရှု့ နိုင်မှာ ဖြစ်ပါသည်။ ယခုအချိန်တွင် အိမ်ခြံမြေ ကြော်ငြာစုစုပေါင်း ရှစ်သောင်း ခြောက်ထောင် (၈၆,၀၀၀) ကျော်ကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါသည်။


မိမိနှစ်သက်သော အိမ်ခြံမြေ ကြော်ငြာ၊ သတင်း စသည်တို့ကို မှတ်သားထားနိုင်မည့် လုပ်ဆောင်ချက်များလည်း ပါရှိပါသည်။ အိမ်ခြံမြေ ကြော်ငြာများကို အခမဲ့တင်နိုင်ပြီး၊ တင်ထားသော ကြော်ငြာများကို ပြန်လည်ပြင်ဆင်နိုင်သည့် အပြင် အိမ်ရောင်းထွက်သွားပါက အချိန်မရွေး ပြန်လည်ဖျက်နိုင်မည် ဖြစ်ပါသည်။ ကြော်ငြာတင်ရန်မှာ အလွန်လွယ်ကူပြီး ကြော်ငြာတစ်ခုတင်ရန်မှာ အချိန် တစ်မိနစ်သာကြာကြောင်းလည်း သိရသည်။

iMyanmarHouse.com website တွင် Register ပြုလုပ်ထားသော အိမ်ခြံမြေ အကျိုးဆောင်များ၏ လိပ်စာနှင့်ဖုန်းနံပါတ်များကိုလည်း ကြည့်ရှု့ နိုင်မည် ဖြစ်ပါသည်။


ဤ Application သည် အိမ်ခြံမြေ လောကသားတို့ အတွက် မရှိမဖြစ်ဆောင်ထားရမည့် Application တစ်ခုဖြစ်ပါသည်။

iMyanmarHouse.com Application ကို Google Play Store တွင် အခမဲ့ Download ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

https://play.google.com/store/apps/details?id=com.imyanmarhouse.imyanmarhouse

Credit: iMyanmarHouse.com




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top