iMyanmarHouse.com - Best Property Website for Myanmar
×














အနုပညာသက်တမ်း ၁၀ နှစ်လဲကျော်ခဲ့ပြီ။ ခုလက်ရှိမှာ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့တဲ့ မေကဗျာက သမီးလေး ၀ါသနာပါတဲ့ ဒီဇိုင်းပညာရပ်နဲ့ ပတ်သက်ပြီး Much & More ဆိုတဲ့ ဖက်ရှင်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်ထားတာကြောင့် သူမရဲ့ စီးပွားရေး လုပ်ငန်းဖြစ်တဲ့ ဆိုင်လေးနဲ့ပတ်သက်ပြီး မေးကြည့်လိုက်တော့ " ကဗျာ Much & More ဆိုတဲ့ အကျီင်္ဆိုင်လေး လုပ်ထားပါတယ်။

ဆိုင်က အခုမှ စလုပ်တာဆိုတော့ ဆိုင်ဖက်ကိုပိုပြီး အချိန်ပေးဖြစ်နေလို့ ကားရိုက်ကို လျှော့လိုက်တာပါ။ ကားရိုက်ကလဲ ကိုယ့်စိတ်ကြိုက် မတွေ့တာရယ် ကိုယ်နဲ့မလိုက်ဖက်တဲ့ ကာရိုက်တာလေးတွေ ဖြစ်နေတာရယ်ကြောင့် ခုနောက်ပိုင်း ဇာတ်လမ်းလေးတွေ ရွေးရိုက်ဖြစ်တယ်။ အခုနောက်ပိုင်းက ဆိုင်ဖက်ကိုပဲ ပိုဦးစားပေးဖြစ်တယ်။ ကဗျာဆိုင်က မြင်သာ ( ၁၁ ) လမ်းမှာပါ။ ကဗျာ့ဆိုင်က အခုကတော့ ချုပ်တဲ့ဆိုင်ပေါ့။ ချုပ်တာကို အခုက အစပြုထားတယ်။

ကဗျာက ဒီဇီုင်းစဉ်းစားတာနဲ့ Accessories ဆင်တာဝါသနာပါတယ်။ ဘော်ကြယ်တွေကျောက်တွေ ကပ်တာ ၀ါသနာပါတယ်။ ခုဆိုကဗျာ ဘုရားပွဲအတွက် စွမ်းရော ကိုဆန်းမင်းအတွက်ရော နောက် ကိုဆန်းမင်းသား ပူတူးဝတ်တဲ့ ဟာတွေရောကို ကဗျာတို့ဆိုင်ကပဲအကုန်လုပ်ပေးထားပါတယ်။"လို့ သူမက ပြောပြပါတယ်။

Much & More ရဲ့ အနာဂတ်အကြောင်းကိုလည်း သူမက "Brand လေးတစ်ခုလောက်ထုတ်ဖို့အစီအစဉ် ရှိပါတယ်။ ကဗျာလုပ်ချင်တာကတော့ ကလေးပေါ့။ ကလေးမကျ လူကြီးမကျအရွယ်လေးတွေ အတွက်ပေါ့။ ကဗျာ့ သမီးဆိုဒ်ပေါ့။ အဲ့ဒီလို အရွယ်လေးတွေအတွက်ကို ထုတ်ဖြစ်မယ်။ နောက် ယောကျာ်လေး brand လေးတွေလဲ ထုတ်ဖြစ်မယ်။ ချုပ်တာကတော့ ကဗျာအမြဲတမ်း ချုပ်ဖြစ်နေတဲ့ ဒီဇိုင်နာအမနဲ့ နောက်စက်သ မားလေးတွေနဲ့ပေါ့။

သမီးလေးက ဒီဇိုင်းပိုင်းကို ၀ါသနာပါတော့ သူ့အတွက် ရည်ရွယ်ပြီး လုပ်တာလဲပါတာပေါ့။ သူက အခုကျောင်းတက်နေပြီ။ ကျောင်းပြီးသွားတဲ့အခါ သူဟိုမှာ ဒီဇိုင်းပိုင်းကို သွားသင်ချင်လဲသင်၊ ပြန်လာ ရင်တော့ သူအလုပ် တန်းဝင်လို့ရတာပေါ့။ သူဝါသနာပါတဲ့ အလုပ်လဲဖြစ်တော့ သူ့ဆီက အကြံဥာဏ်တွေ အများကြီးရတယ်။ သူ့ကိုလဲ လက်ဆင့်ကမ်းလို့ရမယ်။ ကိုယ်နဲ့လဲ နီးစပ်တယ်။ အခြားစီးပွားရေး တစ်ခုကို သွားလုပ်ရင်ကိုယ်နဲ့လဲ မနီးစပ်ဘူး။ ဒါကျတော့ ကိုယ့်လောက ကလူတွေနဲ့ပဲ ကိုယ်ဆက်ဆံပြီး အလုပ်လုပ် ရတယ်။ ကိုယ်လဲနားလည်တဲ့အလုပ်မို့လို့ လုပ်ဖြစ်သွားတာပါ။"တဲ့။

လက်ရှိမှာ မေကဗျာဟာ မာယာ Application ဆိုတဲ့ကားကို ကျော်ရဲအောင်နဲ့အတူ ရိုက်ကူးနေတယ် လို့ပြောပြ ခဲ့ပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top