iMyanmarHouse.com - Best Property Website for Myanmar
×









“Happy” သီချင်းရဲ့ ပိုင်ရှင် Pharrell William ဟာ မှတ်တမ်းရုပ်ရှင် (Documentary) တစ်ခုကို ပါဝင် ရိုက်ကူးနေတယ်လို့ သိရပါတယ်။

အဲဒီ မှတ်တမ်းရုပ်ရှင် ကတော့ Pharrell William အနေနဲ့ ပလတ်စတစ် ကနေ အ၀တ်အစားအဖြစ် ဘယ်လိုပြောင်းလဲ ချင်စိတ်ရှိလဲဆိုတာ ကို ဖော်ပြထားပါတယ်။

သမုဒ္ဒရာထဲမှာ မျောနေတဲ့ ပလတ်စတစ်တွေ တန်ချိန်ပေါင်း သန်း ၇၀၀  ခန့်ရှိပါတယ်။ Bionic Yarn နဲ့ G-Star Raw တို့လို အ၀တ်အစား ကုမ္မဏီတွေက Pharrell နဲ့ ပူးပေါင်းပြီး ဒီပြသနာကို ဖြေရှင်းပြမှာပါ။

သူတို့ဟာ ထိုအညစ်အကြေးတွေကို ယူမှာပါ။ ပြီးရင်တော့ အဲဒီ အမှိုက်တွေကို ဖိုက်ဘာတွေအဖြစ် ပြောင်းလဲပြီး အ၀တ်အစား ထုတ်လုပ်ရေးမှာ အသုံးပြုမှာပါ။

ဒါဟာ အရမ်းမြင့်မားတဲ့ စီမံကိန်းတစ်ခုပါ။ i-D မဂ္ဂဇင်းက ဒါကို မှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး Pharrell ကလည်း ပူးပေါင်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

“Plastic Age” လို့ အမည်ပေးထားတဲ့ ထိုမှတ်တမ်းရုပ်ရှင် ဟာ ဧပြီ ၁၅ ရက်နေ့မှာ စတင်ထွက်ရှိမှာ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top