Billboard ဆုပေးပွဲတွင် တေလာဆွစ် ဆု ၈ ဆု ဆွတ်ခူး၊ ဂျက်စတင်ဘီဘာ စံချိန်သစ်တင်
အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့တွင် မေ ၁၇ရက် ညပိုင်းက ကျင်းပခဲ့သည့် ၂၀၁၅ Billboard ဆုပေးပွဲ အခမ်းအနားတွင် အမေရိကန် အမျိုးသမီးအဆိုတော် တေလာဆွစ်က ဆု ၈ဆု သိမ်းပိုက်သွားနိုင်ခဲ့သည်။
တေလာဆွစ်သည် အကောင်းဆုံးတေးသံရှင်ဆု၊ ရေပန်းအစားဆုံး တေးသံရှင်ဆု၊
အကောင်းဆုံး အမျိုးသမီးတေးသံရှင်ဆုများ ဆွတ်ခူးခဲ့သည်။
ထို့အပြင် သူမ၏ နောက်ဆုံးထွက် တေးသီချင်းခွေ 1989 အယ်လ်ဘမ်ဖြင့် Billboard တွင် ထိပ်တန်းနေရာ ရပ်တည်နိုင်သည့် တေးအယ်လ်ဘမ်ဆု၊ 1989 အယ်လ်ဘမ်တွင် လူကြိုက်များခဲ့သည့် Shake it off သီချင်းဖြင့် Billboard တွင် ထိပ်တန်းနေရာ ရပ်တည်နိုင်သည့် တေး
သီချင်းဆုများ ရရှိခဲ့သည်။
တေလာဆွစ်သည် ပရိသတ်များ မဲပေး ရွေးချယ်သည့် Billboard တွင် အအောင်မြင်ဆုံးဆု၊ အကောင်းဆုံး ဒစ်ဂျစ်တယ်သီချင်းများဆု၊ Billboard တွင် အအောင်မြင်ဆုံး တေးသံရှင်ဆုများလည်း ရရှိခဲ့သည်။
ဆမ်စမစ်က အကောင်းဆုံး အမျိုးသား အဆိုရှင်ဆု အပါအ၀င် ဆု ၃ ဆု ဆွတ်ခူးခဲ့ပြီး ဂျက်စတင်ဘီဘာက လူမှုကွန်ယက် ၀က်ဘ်ဆိုက်များတွင် အကျော်ကြားဆုံး အဆိုတော်ဆု ရခဲ့သည်။ အသက် ၂၁ နှစ်အရွယ်တွင် Billboard ဆု ၁၃ဆု ရရှိခဲ့သည့် ဂျက်စတင်ဘီဘာသည် Billboard ဆု ၁၃ ဆုရသည့် အသက်အငယ်ဆုံး အဆိုတော်အဖြစ် စံချိန်တင်နိုင်ခဲ့သည်။
Credit : yoyarlay
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...