iMyanmarHouse.com - Best Property Website for Myanmar
×










အရက်လေး ၀င်သွားလျှင် စကားပြော ကောင်းသည်၊ ပိုပြီး ရဲရင့်လာသည်ဟု ပြောဆိုတတ်ကြသည်။ ထို့ပြင် အရက်သောက်ရင်း စကားပြောလျှင် မိတ်ဆွေ တိုးတတ်သည်ဟု ပြောလေ့ ရှိခဲ့သည်။ ယင်းကြောင့် မိတ်ဖြစ် ဆွေဖြစ် အရက် သောက်ကြ ပြန်သည်။

သို့သော် လေ့လာမှု တစ်ခုအရ ဆိုလျှင် အရက် ၀င်သွားလျှင် ကိုယ့်လူဟု သတ်မှတ် ထားသူများ အပေါ် ပိုမိုကြင်နာ လာတတ်သော်လည်း အပြင်လူဟု သတ်မှတ် ထားသူများ အပေါ်တွင်မူ ပိုမို ရက်စက် ကြမ်းကြုတ် လာတတ်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။

အရက် သောက်သည့်အခါတွင် အယ်လ်ကိုဟောဓါတ်သည် ဦးနှောက်တွင်းရှိ ဂါဘာဟု ခေါ်သော သဘာဝ ဦးနှောက် ဓာတုပစ္စည်း တစ်မျိုးကို လှုံ့ဆော် ပေးတတ်ကြောင်း ဘာမင်ဟမ် တက္ကသိုလ်မှ ၀ါရင့်ကထိက အီယန်မစ်ရှဲက The Conversation တွင် ရေးသားခဲ့သည့် ဆောင်းပါး တစ်စောင်တွင် ဖော်ပြထားသည်။

အရက် သောက်စတွင် အယ်လ်ကိုဟောသည် ဂါဘာစနစ် အပေါ် သက်ရောက်မှု ရှိလာပြီး ဒိုဖာမင်း ဓာတ်ထွက်နှုန်းကို မြင့်တက်စေသည်။ ဒိုဖာမင်းဓါတ်မှာ သာယာမှုနှင့် ချစ်စိတ်ခင်စိတ် ပေါ်ပေါက်စေသော ဓာတ်တစ်မျိုး ဖြစ်သည်။

ထို့ပြင် အယ်လ်ကိုဟောသည် ဂါဘာ စနစ်အပေါ် အဖျက်သဘော သက်ရောက်မှုလည်း ရှိစေတတ်သည်။ သောက်သုံးသည့် အရက် ပမာဏ များပြားလာသည်နှင့် အကြောက်တရားကို ထိန်းချုပ်သည့် စနစ်ကို ထိခိုက် သွားစေပြီး ယခင်က မလုပ်ဖူးသည့် စွန့်စားဖွယ် အလုပ်အကိုင် များကိုလည်း လုပ်ကိုင် စေတတ်သည်။

အရက် ၀င်သွားလျှင် လူများသည် ပိုမိုပြီး ရက်ရောတတ်ကြသလို ပိုမိုပြီးလည်း စွန့်စား လာတတ်ခြင်းမှာ ယင်းဂါဘာစနစ် အပေါ် အယ်လ်ကိုဟောဓာတ်က သက်ရောက်မှု ရှိလာခြင်းကြောင့် ဖြစ်ကြောင်း ဒေါက်တာ မစ်ချဲက ပြောဆိုခဲ့သည်။

ထို့ပြင် အယ်လ်ကိုဟောသည် လူတစ်ဦးက အခြား လူတစ်ဦး၏ စိတ်နေ စိတ်ထားအား ခန့်မှန်းနိုင်စွမ်းကိုလည်း ဖျက်ဆီးတတ်သည်။ သောက်သုံးသည့် အရက်ပမာဏ များပြားလာသည်နှင့် အမျှ ၀မ်းနည်းဖွယ် မျက်နှာသွင်ပြင်ကိုလည်း ၀မ်းသာနေသည် ထင်မြင်တတ်သည်။ ယင်းကြောင့် အရက်ဝင်သူများ လူကြားသူကြား အရှက်ရစရာ စကားများကို ပြောဆိုတတ်ခြင်း ဖြစ်ကြောင်း ဒေါက်တာ မစ်ရှဲက ပြောဆိုခဲ့သည်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top