ခံတွင်းမြိန်စေဖို့
ရောဂါ ဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်း သူတွေဟာ ခံတွင်းပျက်ပြီး အစာ စားချင်စိတ် လျော့နည်းလာပြီး ကိုယ်အလေး ချိန်တွေ လျော့ကျ လာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံ စွမ်းအား လျော့လာကာ ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်း တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာ သင့်တဲ့ နည်း လမ်းတွေကို ရေးသားလိုက်ရပါတယ်။
(၁) မိသားစုစုံညီစွာ သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ စားပါ
(၂) စားချင်စိတ်ရှိသော အစာကို စားနိုင်ပါတယ် သိုသော့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာ ဖြစ်ပါက အများကြီး မစားပါနဲ့။
(၃) သစ်သီးများများ စားပေးပါက စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အများကြီးမစားနိုင်ပါက သစ်သီးဖျော်ရည် ဖျော်သောက်ပါ။
(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ။ ခံတွင်းပျက်ကာ ကိုယ်အလေးချိန် လျော့ကျနေသူတွေ အနေနဲ့ တစ်နေ့ကို နည်းနည်းနဲ့ မကြာခဏ စားပေးဖို့ လိုပါတယ်။
(၅) ပြင်းသောအနံ့ပါ ဟင်းလျာများ ရှောင်ပါ။ ခံတွင်းပျက်နေချိန်မှာ အနံ့ပြင်းတဲ့ အစာတွေနဲ့ ဝေးဝေးမှာနေပါ။
(၆) အာဟာရ ဖြည့်စွက်ဆေးတွေကို မှီဝဲပါ။ ကယ်လိုရီစားသုံးမှု တိုးစေပြီးကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ပုံစံအမျိုးမျိုး၊ အနံ့အရသာ မျိုးစုံ ရှိတာကြောင့် အစာစားချင်စိတ် တိုးလာစေပါတယ်။
(၇) ဟင်းလျာထဲ သဘာဝ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ချက်ပါ ။ သဘာဝ ဟင်းခတ် အမွှေးအကြိုင်ဖြစ်တဲ့ ငရုတ်ကောင်း၊ ဂျင်စင်း၊ ကြက်သွန်ဖြူ၊ လေးညှင်း၊ ချင်း(ဂျင်း)စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ချက်တဲ့ ဟင်းလျာထဲမှာ ထည့်ချက်စားပါ။
Credit : Good Health
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...