iMyanmarHouse.com - Best Property Website for Myanmar
×










ညဘက်တွင် ဘီစကစ်တွေ ထပ်ကာ ထပ်ကာ နှိုက်စားမိနေပါက အစားပုပ်လိုက်လေခြင်းဟု ကိုယ့် ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ လူသား ခန္ဓာစနစ်ကိုက ညဘက်မှာ စိတ်မတင်းတိမ်အောင် ဖန်တီးထား၍ ထိုသို့ စားမိနေခြင်း ဖြစ်ကြောင်း စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။ ညဘက်တွင် နေ့ခင်းဘက်နှင့် မတူဘဲ အစားကို ထပ်ကာ ထပ်ကာ စားချင်စိတ် ပိုပေါ်တတ်ကြောင်း သိရသည်။

သုတေသီများက နေ့တစ်နေ့၏ မတူညီသည့် အချိန်များတွင် ကယ်လိုရီ မြင့်သည့် အစားအသောက်များနှင့် ကယ်လိုရီနိမ့်သည့် အစားအသောက်များ အပေါ် ဦးနှောက်က မည်သို့ တုံ့ပြန်သည်ကို သံလိုက်လှိုင်းသုံး ဦးနှောက် ပုံရိပ်ဖော်စက်များ သုံး၍ တိုင်းတာကာ လေ့လာခဲ့ကြသည်။

 လေ့လာမှုများ အရ ကယ်လိုရီ မြင့်မားသည့် အစားအသောက်ပုံ များက ဦးနှောက်ထဲရှိ အစား အသောက်နှင့် ပတ်သက်သော စိတ် ကျေနပ်မှုအပိုင်းကို အများဆုံး လှုံ့ ဆော်သည်။ ကယ်လိုရီနည်းသည့် အစားအစာများက နည်းနည်းသာ လှုံ့ဆော်သည်ကို တွေ့ရသည်။

သို့သော် ညနေပိုင်းနှင့် ညပိုင်းတွင် ဦးနှောက် အာရုံကြော တုံ့ပြန်မှုသည် အရှိန်လျော့သွားသည် ဖြစ်သောကြောင့် နေ့လယ်ချိန်က လှုံ့ဆော်နိုင်စွမ်း ရှိခဲ့သည့် စားစရာများကိုပင်  ညပိုင်းမှာ စားသည့်အခါ နေ့လယ် ကလောက် စိတ် မတင်းတိမ် ဖြစ်ရကြောင်း လေ့လာ တွေ့ရှိခဲ့သည်။

 လေ့လာသူများက ပါဝင်သူများကို ကယ်လိုရီနည်းသည့် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ငါးများကို ပြသည်။ ကယ်လိုရီများသည့် ရေခဲမုန့် အပါအ၀င် အချိုအစိမ့်မုန့်များကိုလည်း ပြသည်။ ထိုသို့ စမ်းသပ်ရာတွင် မနက်နှင့် ညခွဲကာ နှစ်ဖွဲ့ခွဲ စမ်းသပ်ခဲ့ကြသည်။

 တူညီသော အစားအစာကို တူညီသော ပမာဏသာ စားခိုင်းသည့်တိုင် နေ့ဘက်တွင် စားသူများသည် တင်းတိမ်သွားကြပြီး ညဘက်မှာ စားသူများကား မတင်းတိမ်သေးဘဲ ထပ်စားချင်နေကြကြောင်း တွေ့ခဲ့ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ညဘက်တွင် ဦးနှောက် စနစ်သည် တုံ့ပြန်မှု နှေးကွေးသွားသဖြင့် တော်ရုံနှင့် တင်းတိမ်သည့် ခံစားချက် မပေါ်ခြင်းကြောင့် ဖြစ်သည်။

 လေ့လာမှု စစ်တမ်းကို အမေရိကန်နိုင်ငံ ဘရစ်ဟမ် ယန်းတက္ကသိုလ်မှ ထရာဗစ် မာစတာဆန်နှင့် အဖွဲ့က ပြုလုပ်ကာ Brain Imaging and Behaviour ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top