iMyanmarHouse.com - Best Property Website for Myanmar
×










   ပြီးခဲ့တဲ့နှစ်က ဗြိတိန်နိုင်ငံမှာ ကလေးငယ် ၁၀၀ ကျော်ခန့်ဟာ မွေးကတည်းက ဦးနှောက်ထိခိုက်လာ ခဲ့တဲ့အတွက် ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရတယ်လို့ သိရပါတယ်။

ထိုသို့ မွေးကတည်းက ဦးနှောက်ထိခိုက်ခဲ့ခြင်းမှာ မိခင်တွေဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ အရက် သောက်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ အတိအကျ ပြောရမယ်ဆိုရသ် ၂၇၂ ယောက်သော ကလေးငယ်တွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်း ချို့တဲ့သွားတဲ့ ပြသနာတွေကြောင့် ဆေးရုံကို တက်ခဲ့ရပါတယ်။ ဒါဟာလည်း ကိုယ်ဝန်ဆောင်နေစဉ် အရက်သောက်ခဲ့တဲ့ မိခင်တွေကြောင့် Foetal Alcohol Syndrome ဆိုတဲ့ ရောဂါကို ကလေးငယ်တွေ ခံစားခဲ့ရာကနေ စခဲ့တာပဲဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သုတေသန တစ်ခုအရလည်း ဗြိတိန်နိုင်ငံမှာ ကလေးငယ် အယောက် ၁၀၀ ခန့်ဟာ သင်ကြားမှုပိုင်းဆိုင်ရာ ၊ အမူအကျင့်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ အရ ပြသနာတွေကို ကြုံတွေ့နေရပြီး ဒါဟာ အရက်သောက်တတ်တဲ့ မိခင်ကြောင့်ဖြစ်တယ် လို့ ထုတ်ပြန်ခဲ့ပါတယ်။
တစ်ကမ္ဘာလုံးမှာလည်း နှစ်စဉ် ကလေးငယ်ပေါင်း ၇၅၀၀ ခန့်ကြုံတွေ့နေရတဲ့ ပြသနာတစ်ခုဆိုလည်း ဟုတ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ အရက်သောက်တဲ့အတွက် အသည်း ၊ အဆုတ် နဲ့ နှလုံးတို့ကိုလည်း ထိခိုက်နိုင်ပြီး အစိုးရကလည်း မိခင်တွေကို ကိုယ်ဝန်ဆောင်စဉ်မှာ အရက်မသောက်ရန် ညွှန်ကြားထားပါတယ်။ ဒါ့အပြင် တစ်ပတ်မှာ ၂ ယူနစ်ထက်မပိုတဲ့ အရက်ပမာဏကို ၂ ကြိမ်သာ သောက်သုံးရန် မိခင်တွေကို ကျန်းမာရေးအဖွဲ့အစည်းတွေက ညွှန်ကြားထားပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top