iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယားနာမည် ကျော်သရုပ်ဆောင်မင်းသား ကင် ဆူဟွန်းသည် ပရိသတ်တွေ့ဆုံပွဲ အထူးပါတီတစ်ခုသို့ တက်ရောက် ရန် မကြာသေးမီက တရုတ်နိုင်ငံ သို့ သွားရောက်ခဲ့သည်။ ယင်းခရီး စဉ်အတွက် လုံခြုံရေးမည်မျှတင်း ကျပ်ခဲ့ကြောင်း သတင်းများပေါ် ထွက်လာသည်။

ကေဒရာမာကြယ်ပွင့် ကင် ဆူဟွန်းနှင့် တွေ့ဆုံခွင့်လက်မှတ် တစ်စောင် တန်ဖိုးမှာ တရုတ်ငွေ 20,000 RMB (အမေရိကန်ဒေါ် လာ ၃,၂၀၀ ခန့်)ဖြစ်ခဲ့သည်။ ကင် ဆူဟွန်းနှင့် တွေ့ဆုံပွဲသို့ ပရိသတ် များစွာ တက်ရောက်မည်ဟု ပွဲစီစဉ်သူများက ခန့်မှန်းခဲ့ကြ သည်။ မိုးရွာနေသော်လည်း ပရိ သတ် ၁,၈၀၀ ခန့်မှာ ကင်ဆူဟွန်း အလာကို စောင့်ဆိုင်းနေခဲ့ကြ သည်။

အားလုံးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ပွဲစီစဉ် သူများက မတူကွဲပြားသော လုံ ခြုံရေးအစီအစဉ်ငါးမျိုးစီစဉ်ခဲ့ပြီး တွေ့ဆုံပွဲပေါင်း ခုနစ်ပွဲကျော်ပြု လုပ်ခဲ့သည်။ ပွဲစီစဉ်သူများဖော်ပြ ခဲ့သော ကင်ဆူဟွန်းပရိသတ် တွေ့ဆုံပွဲ၌ ဂရုစိုက်စောင့်ကြည့်ရ မည့်အရာများစာရင်းမှာပင် စာ မျက်နှာသုံးမျက်နှာရှိခဲ့သည်။ ထို့အပြင် ယင်းပွဲ၌ စုစုပေါင်း ကိုယ်ရံတော် ၁၅၀ ကျော်ထားရှိခဲ့ သည်။

ကိုယ်ရံတော် ၈၀ ဦးက ကင်ဆူဟွန်း၏ လုံခြုံရေး တာဝန် ယူထားခဲ့ရသည်။
My Love from the Star သရုပ်ဆောင်မင်းသား ကင်ဆူ ဟွန်းသည် လက်ရှိတွင် KBS ရုပ် သံလိုင်း၏ The Producers ဒရာ မာဇာတ်လမ်းတွဲ၌ ပါဝင်သရုပ် ဆောင်လျက်ရှိသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top