အမေရိကန် အဆိုတော်လေဒီဂါဂါသည် မင်္ဂလာဝတ်စုံအကြံဉာဏ်များ များလွန်းနေ၍ မရွေးနိုင်အောင် ဖြစ်နေသည်ဟု တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။
ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်သော လေဒီဂါဂါသည် ၎င်း၏ချစ်သူ သရုပ်ဆောင်မင်းသား တေလာကင်နေးနှင့် လက်ထပ်တော့မည်ဖြစ်၍ မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ လေဒီဂါဂါက ၎င်းစေ့စပ်လိုက်ပြီဖြစ်ကြောင်း ကြေညာပြီးနောက် ထိပ်တန်းဒီဇိုင်နာများထံမှ မင်္ဂလာဝတ်စုံနှင့်ပတ်သက်သော အကြံဉာဏ်များရရှိခဲ့သည်ဟု တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။
‘‘ကျွန်မဘဝရဲ့ အရေးကြီးဆုံးနေ့အတွက် မင်္ဂလာဝတ်စုံပေါင်း ၃၀ ကျော်ကို ဒီဇိုင်းရွေးဆွဲပေးခဲ့တဲ့၊ အရမ်းကိုစေတနာကောင်းတဲ့ ဒီဇိုင်နာတွေအားလုံး ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မဘက်က ဘာပြောရမှန်းတောင်မသိတော့ပါဘူး’’ဟု လေဒီဂါဂါက ရေးသားထားသည်။
အဆိုတော် လေဒီဂါဂါသည် ယခုနှစ် ချစ်သူများနေ့တွင် သရုပ်ဆောင်မင်းသား တေလာကင်နေး နှင့် စေ့စပ်ပြီးစီးကြောင်း ၎င်း၏ Instagram စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။
Credit : 7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...