အမျိုးသမီးတွေ ကိုယ့်ချစ်သူ အမျိုးသားကို ဖွင့်မပြောပဲ သိစေချင်ကြတဲ့ အရာများ
အမျိုးသမီးတွေဟာ သူတို့ ချစ်သူစုံတွဲဘဝမှာ စွန့်လွှတ်အနစ်နာခံဆုံးသူတွေ ဖြစ်ပါတယ်။ သူတို့စိတ်ထဲ ကိုယ့်ချစ်သူသိခဲ့ရင် သိပ်ကောင်းမှာပဲဆိုတဲ့ စိတ်ဆန္ဒတွေ ရှိနေကြတာဆိုတာ အမျိုးသားတွေ မသိတဲ့အရာတွေထဲက တစ်ခုပေါ့။ သူတို့ရဲ့ ရှက်တတ်တဲ့ သဘောသဘာဝကြောင့် မသိချင်ယောင်ဆောင်တတ်ကြပေမယ့် တစ်ခုခုများ ဖြစ်လာမလားရယ်လို့လည်း တိတ်တခိုး မျှော်လင့်နေတတ်ကြပြန်ပါတယ်။
တချို့တချို့သော သူတို့ရဲ့ ဆန္ဒတွေက…
‘ငါ မင်းကိုချစ်တယ်’ ဆိုတဲ့စကားကို ချစ်တင်းနှီးနှောမှု မတိုင်မီ၊ အတောအတွင်း သို့မဟုတ် နောက်ပိုင်း ပြောဆိုတာ သိပ်အရေးပါရာ မရောက်ပါပေမယ့် အမျိုးသားတွေ မရိုးသားတွေလုပ် လိမ်ညာပြီဆိုရင်တော့ သူမဘက်က လမ်းခွဲ ထွက်ခွာမယ် ဆိုတာမျိုး အမျိုးသမီးတွေက သိစေချင်ကြတယ်။
နောက်ကျောကနေ လာသိုင်းဖက်ပြီး နားထဲတီးတိုးပြောလိုက်အခါ သူတို့ သဘောကျတတ်ကြတယ်။
အမျိုးသမီးတွေက သူတို့ကိုကြည့်ရဘယ်လိုနေလဲ မေးတဲ့အခါ "မဆိုးပါဘူး" ဆိုတဲ့စကားကို ဘယ်တော့မှ မသုံးသင့်ဘူး။ သူမ စိတ်ကူးယဉ်နေချိန် အများစုမှာ အားလုံးမင်းအကြောင်းတွေချည်းဖြစ်ပါတယ်။
နည်းနည်းပူနေတဲ့ သူမရဲ့ဗိုက်သားကို သားပိုက်ကောင်ဗိုက်လို့ သူမဘာသာ သူမ ခိုင် နှိုင်းပြောလာတဲ့အခါ ဘာမှဝင်မပြောပဲ အသာလေးနေလိုက်ပါ။
သူမ အအိပ်လွန်သွားတဲ့အခါ မင်းပြင်ဆင်တဲ့ မနက်စာကို သူမ မျှော်လင့်နေတာဖြစ်တယ်။
သူမ ချစ်ခြင်းကို မခံစားရဘူးဆိုရင် အမျိုးသမီးတွေ သိမ်မွေ့ပါတယ်ဆိုတဲ့ အကြည့်နဲ့ စကြည့်ပါလိမ့်မယ်။
အံ့သြစရာအချက်က အထူးသဖြင့် နေ့ကြီးနေ့မြတ် မဟုတ်တဲ့နေ့တွေမှာ လက်ဆောင်ပစ္စည်းတွေ ကောက်ပေးလိုက်တာ သူမကို အရာရာထက်ရှေ့တန်းတင်ရာ ရောက်စေပါတယ်။
အတွင်းခံ၊ အဝတ်အစား၊ ရှိုးဖိနပ်စတဲ့ အသေးအဖွဲအရာလေးတွေကို ဂရုစိုက်ပြီး လိုက်လုပ်ပေးပါ။
သူမ ကာမစိတ်ဒေါင်းသွားတဲ့အခါ နားလည်မှုပေးပြီး ပိုဂရုစိုက်ပေးသင့်တယ်။
မိမိတို့ရဲ့ နှစ်ပတ်လည်နေ့ကို ဘယ်တော့မှမမေ့ပါနဲ့။ အရာရာဟာ ကိုယ်တို့ စတွေ့တဲ့နေ့မှ စတင်ဖြစ်တည်ခဲ့လို့ပါ။ တစ်ချို့အမျိုးသားတွေက အမျိုးသမီးတွေကို အသိမှတ်ပြုလေ့ မရှိကြပေမယ့် သူတို့မရှိဘဲ အမျိုးသားတွေလည်း ဘာမှ မလုပ်နိုင်ဘူးဆိုတာ အမှန်ပဲဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar