တစ်ခါ အလိမ်ခံလိုက်ရပေမယ့် သူ သင့်ကို တကယ်ချစ်တယ်ဆိုရင် သူ့ဘက်က ပြောင်းလဲ လုပ်ဆောင်လာမယ့် အရာများ
ကိုယ်နဲ့ချစ်ကြိုက်နေတုန်း နောက်တစ်ယောက်နဲ့ ရှုပ်တာကို သိလိုက်ရတဲ့အခါ ကိုယ့်အတွက် နာကျင်ကြေကွဲမှု ခံစားရမှာ သေချာပါတယ်၊၊ ဒီလိုအချိန်မှ သူ့ကို လမ်းခွဲပစ်လိုက်ဖို့ စိတ်ကူးပေမယ့် သူက ကိုယ့်ကို အခွင့်အရေး ထပ်ပေးဖို့ တောင်းဆိုလာမယ်၊ ကိုယ်ကလည်း သူ့ကို စိတ်မကုန်သေးဘူး ဆိုရင် အချိန်အနည်းငယ် ထပ်ပေးပြီး စောင့်ကြည့်လိုက်ပါ၊ ဒါပေမယ့် အဲ့ဒီလို စောင့်ကြည့်နေချိန်မှာ သူရဲ့အပြုအမူတွေဟာ အတင်းလုပ်ယူထားတာ မဟုတ်ပဲ ပြောင်းလဲလာတာကို သင်ခံစားသိရှိပါလိမ့်မယ်၊ သူတကယ်သင့်ကို ချစ်တယ်ဆိုရင်ပေါ့ ။ သူအနေနဲ့ ပြောင်းလဲပစ်လိုက်မယ့် အရာတွေက
၁) တစ်ခြားတစ်ယောက်နဲ့ဇာတ်လမ်းကို လုံးဝရပ်ပစ်လိုက်လိမ့်မယ် ။
သူဟာ သင့်ကိုတကယ်လက်လွှတ် ဆုံးရှုံးရတော့မယ်ဆိုတာကို သိရတဲ့အခါ တကယ်သင့်ကိုချစ်ရင် အကြီးအကျယ် လန့်သွားပါလိမ့်မယ်၊ ဒီလိုအချိန် သူ့ရဲ့အခြားဇာတ်လမ်းကို အပြီးဖြတ်ပြီး သင့်ဘေးနားမှာပဲ သူနေပါလိမ့်မယ်။
၂)သူ တတ်နိုင်တဲ့ အရာရာတိုင်းကို သင့်အတွက် လုပ်ဆောင်ပေးမယ်လို့ ကတိပေးပါလိမ့်မယ်။
အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်ယှဉ်ရင် အမျိုးသားတွေကတော့ သူ့ချစ်သူကောင်မလေးရဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်ဖို့ သူ့မှာရှိသမျှ မာနကို မေ့ပြီး ဘာမဆိုလုပ်ပေးဖို့ ကတိပေးတာမျိုး ရှားကောင်းရှားနိုင်ပါတယ်၊ ဒါပေမယ့်လို့ သူတကယ်ချစ်တယ်ဆိုရင် လုပ်မှာပါပဲ။ ဒီလိုမှသာ သင့်အချစ်ကို သူအရင်လို ပြန်ရမှာကိုး။ သူသက်သေပြရမှာကလည်း သူလိမ်ခဲ့မိတာဟာ သင့်ကို မချစ်လို့မဟုတ်ဘူးဆိုတာပဲလေ။
၃)သူ ဒီလိုလုပ်မိခဲ့တဲ့အတွက် နောင်တ ရတယ်ဆိုတဲ့အကြောင်းကိုလည်း အမြဲမဖွင့်ဟပေမယ့် အဲ့ဒီဘက်ကိုရောက်တဲ့ အပြုအမူနဲ့ သင့်ကို ပြသနေလိမ့်မယ်။
သင်စိတ်မကောင်း အကြီးအကျယ်ဖြစ်သွားရတာ။ သင်စိတ်ညစ်သွားရတာ အရာအားလုံးဟာ သူ့ကြောင့်လို့ သူခံစားလိုက်ရမယ်ဆိုရင် ဒီလို လုပ်မိခဲ့တာ သင့်ကိုမချစ်လို့ မဟုတ်တဲ့အကြောင်း သူအရာရာကို သည်းခံပြီး သက်သေပြပါလိမ့်မယ်၊
၎)တခြားသူတွေကိုလည်း သူ့အမှားကို ၀န်ခံပြောဆိုပါလိမ့်မယ်။
သူလုပ်ခဲ့တဲ့ အမှားအတွက် အားလုံးကို ၀န်ခံပြောဆိုတာမျိုး ဘယ်သူက အရှက်ကွဲခံပြီး ပြောချင်ပါ့မလဲ၊ သူသာ သင့်ကိုတကယ်ချစ်ရင် အားလုံးရှေ့မှာ သူ့အမှားကို ၀န်ခံပြီး နောက်မလုပ်တော့ဘူးဆိုတဲ့အကြောင်း၊ သူနောင်တရကြောင်း ဖွင့်ဟပြောဆိုပါလိမ့်မယ်၊
၅)သူပေးထားတဲ့ ကတိတွေကို သူတည်အောင် ကြိုးစားပါလိမ့်မယ်။
အပေါ်မှာ ပြောထားသလိုပါပဲ။ သူတကယ် ချစ်တယ်ဆိုတာကို ပြသနိုင်ဖို့ သူဘာတွေ လုပ်ပြရမလဲဆိုတာကို သူသိပါတယ်။ သင်တောင်းဆိုတဲ့အရာတိုင်းကိုလည်း သူလိုက်လျောမှာပါ။ တကယ်လို့သာ သူဟာ သင့်ကို စိတ်ထဲမရှိ တော့ဘူးဆိုရင်တော့ ခုပြောသွားတဲ့ အချက်တွေကို လုပ်ဆောင်ပြမှာ မဟုတ်သလို ဆောရီးတစ်ခွန်းတည်းနဲ့သာ ပြီးသွားပါလိမ့်မယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...