အလုပ်ကိုအပင်ပန်းခံမလုပ်ပါနဲ.။ အကျိုးရှိအောင်ပဲလုပ်ပါ။
- ကိုယ့်အလုပ်စားပွဲရှေ.မှာ Board အသေးစားဖြစ်ဖြစ်၊ စာရွက်တွေပဲဖြစ်ဖြစ်မြင်သာအောင်ညှပ်ထားပြီး ကိုယ်ဆက်လက် လုပ်ဆောင်ဖို.လိုတဲ့အလုပ်တွေနဲ. လုပ်လို.ပြီးသွားတဲ့အလုပ်တွေကို မှတ်သားထားပါ။
- နေ.တိုင်းလိုလိုစိန်ခေါ်မှုတွေပါတဲ့ အလုပ်ပိုင်းဆိုင်ရာ၊ ခံယူချက်ပိုင်းဆိုင်ရာ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ စာစောင်တွေထဲက စာတွေကိုဖတ်ပါ။ ပြီးရင်ကိုယ့်စိတ်ကိုလည်း အမြဲတမ်းအသစ်အသစ်သော စိန်ခေါ်မှုတွေကို လက်ခံနိုင်အောင်ပြင်ဆင် အားပေးပါ။
- အလုပ်မှာမိနစ် (၂၀)အလုပ်လုပ်၊ ပြီးရင်လှုပ်ရှားမှု တစ်ခုခုလုပ် ပြီးမှအလုပ်ပြန်လုပ် အလှည့်ကျလေးနဲ. ကိုယ့်ကိုယ်ကိုသက်သာအောင်နေပါ။ ကော်ဖီထဖျော်တာပဲဖြစ်ဖြစ်၊ ရေသန်.စက်ဆီလမ်းလျှောက်သွားတာမျိုးပဲဖြစ်ဖြစ် ကိုယ့်စားပွဲနေရာမှာပဲတောက်လျှောက် ထိုင်အလုပ်လုပ်နေတာထက် စာရင်တော့ လှုပ်ရှားမှုလေး တစ်ခုခု ရှိသင့်ပါတယ်။
- ဘယ်လောက်များပြားတဲ့အလုပ်တာဝန်မျိုးပဲရှိနေနေ အချိန်ဇယားချပြီးပိုင်းခြားအလုပ်လုပ်ပါ။
- အကယ်၍ဒီနေ.တာအတွက်ရှိသမျှအလုပ်တာဝန်တွေကို အကြောင်းကြောင်းကြောင့်နောက်နေ.ကိုရွှေ.လိုက်ရတယ်ဆိုရင် ဒီနေ.ကိုနေ.တ၀က်ခွင့်တောင်းပြီး (ခွင့်ယူပြီး) နောက်နေ.အတွက်ကို အားအင်တွေဖြည့်ပါ။ ခေါင်းကိုလည်းရှင်းထားလိုက်ပါ။
- ကိုယ့်ကိုအကောင်းဘက်က ချီးကျူးအသိအမှတ်ပြုစကားဆိုထားတဲ့ စာရွက်စာတမ်းလေးတွေကို ဖိုင်တစ်ခုနဲ.သက်သက်သိမ်းထားပြီး ကိုယ့်ကိုချိုးနှိမ်တယ်လို.ခံစားရတဲ့အခါမျိုး၊ အပြစ်တင်ပြောဆိုတယ်လို. ခံစားရတဲ့အခါမျိုးမှာ ပြန်ဖတ်ပါ။
- ကိုယ်လုပ်ဆောင်ရတာအရမ်းခက်ခဲမယ့် တာဝန်အကြီးဆုံးအလုပ်ကို အရင်မလုပ်ဆောင်ပါနဲ.။ အောင်မြင်ပြီးဆုံးအောင်ဆောင်ရွက်နိုင်မှာသေချာတဲ့ တာဝန်ငယ်လေးတွေကို အရင်လုပ်ဆောင်အကောင်အထည်ဖော်ပါ။ ဒါမှတာဝန်ကြီးတွေကိုပါ ရဲရဲဝံ့ဝံ့လုပ်ကိုင်ရဲလာပါမယ်။
- ပေါင်းသင်းဆက်ဆံရေးပိုင်းနဲ.ပတ်သက်တဲ့ကိုယ့်အချိန်ပိုတွေက ကိုယ့်အလုပ်ကိုမထိခိုက်ပါစေနဲ.။ E-mail, Facebook, Phone, Message အစရှိတဲ့ကိုယ်ရေးကိုယ်တာပိုင်းအသုံးပြုမှုတွေကိုအချိန်အပိုင်းအခြားလေးတစ်ခုထားပြီးသုံးပါ။
Credit : Wilson Chan (YK)
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...