တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ဂျီဆောင်းသည် Geek မဂ္ဂဇင်းနှင့် ဓာတ်ပုံများရိုက် ကူးခဲ့သည့်အပြင် အနာဂတ်သရုပ် ဆောင်အလုပ်ရည်မှန်းချက်များ ကိုလည်း ပြန်လည်ဝေမျှခဲ့သည်။
ဂျီဆောင်းက ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေရန် နံနက် တိုင်း ဖြည်းဖြည်းမှန်မှန် အပြေး လေ့ကျင့်လေ့ရှိသည်ဟု Geek မဂ္ဂဇင်းအား ပြောကြားသည်။
ဂျီဆောင်းသည် သရုပ် ဆောင်စွမ်းရည်များနှင့် ပတ် သက်၍ Geek မဂ္ဂဇင်းနှင့် အင် တာဗျူး၌ ပြောကြားခဲ့သည်။
‘‘ကျွန်တော်သရုပ်ဆောင် အလုပ်ကို ဝါသနာပါတဲ့အတွက် ဒီလမ်းကြောင်းကို လျှောက်ခဲ့ပါ တယ်။ ဒါကြောင့် ပရိသတ် အား ပေးမှုပမာဏကိုလည်း အရှိ အတိုင်းလက်ခံသွားမှာပါ။ ပရိ သတ်များများ ကျွန်တော့်ကို အား ပေးလာဖို့အတွက် သရုပ်ဆောင် ပိုကောင်းတဲ့ မင်းသားဖြစ်ဖို့နဲ့ အပြစ်အနာအဆာတွေပြင်ဆင်ဖို့ ပိုပြီးကြိုးစားသွားမှာပါ’’ဟု ၎င်းကထပ်လောင်းပြောသည်။
ကေဒရာမာကြယ်ပွင့် ဂျီ ဆောင်းက စစ်မှန်သော သရုပ် ဆောင်တစ်ဦးနှင့်ပတ်သက်၍ ၎င်း၏အမြင်များကိုလည်း ဝေမျှခဲ့ သည်။ ‘‘သရုပ်ဆောင်တစ်ဦးဟာ အသက် (၄၀၊ ၅၀) အရွယ် ရောက်သွားတာတောင်မှ သူ့ဆီ ကနေ ပိုကောင်းတဲ့ တင်ဆက်မှု မျိုးတွေကို ပရိသတ်မျှော်လင့် အောင် ပြုလုပ်နိုင်တယ်။ ပရိ သတ်တွေရဲ့ ပင်ပန်းမှုတွေကို သက်သာစေနိုင်တယ်။ နာကျင်မှု တွေကို မျှဝေနိုင်တယ်ဆိုရင် အဲဒါ ဟာ စစ်မှန်တဲ့သရုပ်ဆောင်တစ် ဦးဖြစ်တယ်လို့ ကျွန်တော်ယုံ ကြည်ပါတယ်။ ပရိသတ်တွေက ကျွန်တော် နောင်အနာဂတ်မှာ ဘယ်လိုများ သရုပ်ဆောင်မလဲဆို တာ အမြဲသိချင်နေကြတယ်လို့ မျှော်လင့်တယ်။ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ နှလုံးသားထဲ အထိရောက်နိုင်တဲ့ သရုပ်ဆောင် တစ်ဦးအဖြစ် နေထိုင်သွားချင်ပါ တယ်’’ဟု ၎င်းက ပြောသည်။
Credit :7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အနာဂတ်အလုပ် ရည်မှန်းချက်တွေကို ဝေမျှတဲ့ ဂျီဆောင်း
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။