iMyanmarHouse.com - Best Property Website for Myanmar
×









 တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ Big Bang အဖွဲ့သည်  ၎င်းတို့၏ တေးသီချင်း နှစ်ပုဒ်ဖြင့် ဘေလ်ဘုတ်၏ ကမ္ဘာ့ဒစ်ဂျစ်တယ် သီချင်းဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

Big Bang အဖွဲ့သည် မေလက Loser နှင့် Bae Bae တေးသီချင်းတို့ကို ထုတ်လွှင့်ခဲ့ပြီးနောက် တစ်လခန့် အကြာတွင် ၎င်းတို့၏ Bang Bang Bang နှင့် We Like 2 Party တေးသီချင်း နှစ်ပုဒ်သည် ဇယားတွင် နံပါတ်တစ်နေရာနှင့် နံပါတ်နှစ်နေရာကို ရရှိခဲ့သည်။

Bang Bang Bang တေးသီချင်းသည် ဇွန် ၁၂ ရက်အထိ  Melonနှင့် Genie ကဲ့သို့သော ပြည်တွင်း တေးသီချင်း ဇယားများတွင် ၁၂ ရက် ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ Bang Bang Bang တေးသီချင်း ဗီဒီယိုသည် လူကြိုက်များမှု ရရှိနေပြီး ယင်းနေ့ မနက်ပိုင်းအထိ YouTube တွင် ကြည့်ရှုသူ ၁၅ သန်း ရှိခဲ့သည်။

 Big Bang အဖွဲ့သည် ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်အဖြစ် သောကြောနေ့မှ စနေနေ့အထိ ဟောင်ကောင်တွင် ဖျော်ဖြေပွဲ ကျင်းပသွားမည် ဖြစ်သည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top