iMyanmarHouse.com - Best Property Website for Myanmar
×









အိပ်မပျော်သည့်ရက်များအတွက် အိပ်ပျက်သွားသည့်အချိန်ကို အစာထိုးပြန်အိပ်ခြင်းမရှိပါက စိတ် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း စွဲစေတတ်သောဆေးဝါးများဆိုင်ရာ သုတေသနအဖွဲ့ S.A.R.A မှ အကြံပေးနှင့် စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာဂျော်ထက်ဒိုးက အသိပေးပြောကြားသည်။
“အိပ်ချိန်တွေ အကြွေးတင်လာရင် မကောင်းပါဘူး။ အအိပ်ကြွေးတင်တာများရင် စိတ်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်” ဟုယင်းကဆိုသည်။

အိပ်မပျော်ရသည့်အကြောင်းအမျိုးမျိုးရှိ
အိပ်မပျော်ရသည့် အကြောင်းအရင်းအမျိုးမျိုးရှိပြီး အိပ်ခါနီးတွင် စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စ လေးများ၊ အလုပ်ကိစ္စများကိုစဉ်းစားပါက အိပ်မပျော်ဖြစ်တတ်ကြောင်း၊ အလုပ်လုပ်စဉ် အိပ်ငိုက်ခြင်းမ ဖြစ်စေရန် လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း၊ ကဖင်းဓာတ်ပါသည့် အချိုရည်များကိုသောက်သုံး ခြင်းဖြင့်လည်း အိပ်မပျော်ဖြစ်တတ်ကြောင်း၊ လည်ပင်းတွင်ရှိသော သိုင်းရွိုက်အကျိတ် အလုပ်အရမ်း လုပ်ပါကအိပ်မပျော်ဖြစ်တတ်ကြောင်း၊ စိုးရိမ်စိတ်လွန်ကဲ၍သော်လည်းကောင်း၊ ကိုယ်အပူချိန်မြင့်တက် နေ၍သော်လည်းကောင်း၊ ဗိုက်ဆာ၍သော်လည်းကောင်း အိပ်မပျော်ဖြစ်တတ်ကြောင်း ယင်းကဆက် လက်ပြောကြားသည်။

စိတ်ကျရောဂါဖြစ်သူများလည်း အိပ်မပျော်
အချို့သောသူများသည် တစ်ညလုံးတစ်ရေးမှ အိပ်မပျော်ဘဲ အချို့သောသူများသည် တစ်ရေးလောက် အိပ်ပျော်ပြီးမှ ညဘက်တွင်နိုးလာပြီးပြန်အိပ်၍ မရတော့ကြောင်းသိရသည်။

“စိတ်ကျရောဂါရှိနေတဲ့သူတွေမှာဆိုရင် တစ်မှေးလောက်အိပ်ပျော်ပြီးရင် ပြန်နိုးလာတယ်။ မိုးလင်းထိ ကို ပြန်အိပ်လို့မရတော့ဘူး။ ဒါပေမဲ့ အိပ်ရေးဝတယ်လို့ ခံစားနေရတဲ့အတွက် သူ့ကိုယ်သူစိတ်ဓာတ်ကျ တယ်လို့မထင်ဘူး။ တချို့ကလဲညဥ့်သန်းခေါင်နိုးတာကို အရက်နဲ့ကုစားချင်တယ်။ အဲလိုလုပ်လို့မရ ဘူး။ အရက်ကစိတ်ဓာတ်ကို ပိုကျစေတယ်။ ပိုဆိုးစေတယ်” ဟု စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာဂျော်ထက်ဒိုးက ဆက်လက်ပြောကြားသည်။

ဦးနှောက်နာရီက အိပ်ချိန်ကို သတ်မှတ်ပေးထား
ဦးနှောက်နာရီက အိပ်ချိန်ကိုသတ်မှတ်ပေးထားပြီး အဆိုပါအိပ်ချိန်အတိုင်းအိပ်မှသာ စိတ်ကျန်းမာနိုင် မည် ဖြစ်ကြောင်း သိရသည်။

“ဝက်ဝံတွေမှာဆိုရင် လနှင့်ချီပြီးဆောင်းတွင်းတစ်တွင်းလုံး အိပ်တတ်တယ်။ လူတွေမှာလဲ အဲသလိုပဲ ၂၄ နာရီမှာတစ်ကြိမ် အိပ်ရမယ့်ဟာရှိတယ်။ မအိပ်ဘဲနေရင် အရမ်းလန်းပြီး မအိပ်ချင်တော့တဲ့ အချိန် ဘက်ကိုရောက်သွားတယ်။ အိပ်ရမယ့်အချိန်မှာ မအိပ်ဘဲနိုက်ကလပ်တွေ၊ ရုပ်ရှင်တွေကြည့်ရင် အိပ် ပျော်ရခက်သွားမယ်။ ရေရှည်စိတ်ကျန်းမာရေးစောင့်ရှောက်တော့မယ်ဆိုရင် အိပ်ချိန်မှာအိပ်ကိုအိပ်ရ မယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ညဆိုင်းဆင်းသည့် အလုပ်သမားများ စိတ်ရောဂါမဖြစ်စေရန် နိုင်ငံတကာတွင် အခြားသောအလုပ်သ မားများထက် ခွင့်ရက်များပိုပေးခြင်းများရှိကြောင်း၊ အဆိုပါညဆိုင်းဆင်းရသည့်အတွက် အိပ်ရေးပျက် ခြင်းကြောင့် ဖြစ်ပွားသည့်စိတ်ရောဂါကို Nightship Worker Disease ဟုခေါ်ဆိုကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ၁၂ နာရီ၊ ၁ နာရီကျော်မှအိပ်ခြင်းသည် အိပ်ပျော်ရန်ဦးနှောက်နာရီပျက်စီးသွားသဖြင့် အိပ်မ ပျော်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Credit : Democracy Today Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top