ဗြိတိန်နန်းတော်မှာ မင်းသားဝီလျံ ဇနီးမောင်နှံနဲ့ တွေ့ဆုံခဲ့တဲ့ ဘရက်ပစ်နဲ့ဂျိုလီ
ဟောလိဝုဒ်နာမည် ကျော်ဇနီးမောင်နှံ ဘရက်ပစ်နှင့်အန်ဂျလီနာဂျိုလီတို့သည် ဗြိတိန်တော်ဝင် မင်းသားဝီလျံ၊ ကြင်ရာတော်ကိတ်မစ်ဒယ်တန်တို့နှင့်အတူ ဇွန်လ ၂၆ ရက်နေ့လယ်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Ken-sington နန်းတော်၌ လက်ဖက်ရည်သောက်ခဲ့ကြသည်။
ဘရက်ပစ်ဇနီးမောင်နှံ နှင့် တော်ဝင်မင်းသားဝီလျံတို့ ဇနီးမောင်နှံသည် လအတော်ကြာ အစီအစဉ်ဆွဲပြီးနောက် ဇွန်လ ၂၆ ရက်နေ့တွင် သီးသန့်တွေ့ဆုံဖြစ်ခဲ့ကြသည်ဟု Us Weekly သတင်းကဖော်ပြသည်။ ၎င်းတို့စုံတွဲနှစ်တွဲ သီးသန့်တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
၎င်းတို့သည် Kensingtonနန်းတော်တွင် လက်ဖက်ရည်အတူသောက်ကြရန်သာမဟုတ် ဘဲ တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး ကိစ္စဆွေးနွေးရန် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု နန်းတော်ပြောရေးဆိုခွင့်ရသူတစ်ဦးက ET သတင်း အားပြောသည်။
ယင်းတွေ့ဆုံမှုသည် စီစဉ်ထားသည်ထက် အချိန်အနည်းငယ်ပိုကြာမြင့်ခဲ့ကြောင်းနှင့် ၎င်းတို့လေးဦးစကားကောင်းနေခဲ့၍ဖြစ်ကြောင်း Kensington နန်းတော်အရာရှိများက US သတင်းသို့ပြောသည်။ ဂျိုလီနှင့် ပစ်တို့ဇနီးမောင်နှံသည် တော်ဝင် မင်းသမီးလေးရှားလော့ထ်မွေး ဖွားသည့်အထိမ်းအမှတ်အဖြစ် မင်းသားဝီလျံတို့ ဇနီးမောင်နှံအား လက်ဆောင်တစ်ခု ပေးခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ ၎င်းတို့၏ သားသမီးများလိုက်ပါလာခဲ့ခြင်းမရှိပေ။
Credit : 7 day daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...