iMyanmarHouse.com - Best Property Website for Myanmar
×











One Direction အဖွဲ့ ဝင် လူးဝစ်တွမ်လင်ဆန်သည် မော်ဒယ်နှင့် အမျိုးသမီးအတွင်းခံ ဒီဇိုင်နာ တမ်မာရာဘဲလ်နှင့် ချစ် ကြိုက်နေကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။

ဗြိတိန်နိုင်ငံဆမ်းမားဆက် စီရင်စုတွင်ပြုလုပ်သော Glaston bury တေးဂီတပွဲတော်၌ လူးဝစ် တွမ်လင်ဆန်နှင့် တမ်မာရာဘဲလ် တို့သည် လက်ချင်းတွဲလျက် လျှောက်သွားနေခြင်းကို ဓာတ်ပုံသတင်းထောက်များက မှတ်တမ်းတင်ခဲ့သည်။ လူးဝစ်နှင့် တမ်မာ ရာကို ပထမဆုံးအကြိမ် အတူ တွဲလျက် ဓာတ်ပုံရိုက်မိခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ယင်းတေးဂီတပွဲတော်သို့ One Direction အဖွဲ့ဝင်တစ်ဦး ဖြစ်သော နီအောဟိုရန်လည်း လာရောက်ခဲ့ကြောင်းနှင့် လူးဝစ် ၏မွေးရပ်မြေဒွန်းကက်စတာမြို့မှ သူငယ်ချင်းများလည်း လာရောက်ခဲ့သည်။ လူးဝစ်တွမ်လင်ဆန်အနားတွင် သူငယ်ချင်းများရှိနေသော်လည်း ၎င်းသည် တမ်မာရာဘဲလ်အနားတွင်သာ ကပ်နေခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ဗြိတိန် The Sun သတင်းစာအားပြောသည်။

လူးဝစ်တွမ်လင်ဆန်သည် ၂၀၁၁ ကတည်းက ချစ်ကြိုက်ခဲ့ သောချစ်သူအယ်လီနောကော်ဒါနှင့် ပြီးခဲ့သည့်မတ်လက လမ်းခွဲခဲ့သည်။ ၎င်းတို့စုံတွဲသည် လူးဝစ်၏ One Direction ခရီးစဉ် အချိန်ဇယားများကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top