အာဇာနည်နေ့မှာ ဖြန့်ချိမယ့် နီနီခင်ဇော်ရဲ့ အနီရောင်စီးရီး
ဒုတိယတစ်ကိုယ်တော်အခွေကို ‘အနီရောင်’ဟုအမည်ပေး ထားပြီး အာဇာနည်နေ့ (ဇူလိုင် ၁၉ ရက်)တွင်စတင်ဖြန့်ချိပေးမည်ဖြစ်ကြောင်း အဆိုတော်နီနီခင်ဇော်ကပြောသည်။
‘‘အာဇာနည်နေ့မှာဖြန့်ဖြစ် တာက တိုက်ဆိုင်မှုတစ်ခုပါ။ ပရို မိုးရှင်းပွဲလုပ်ဖို့ Junction Square ကိုမေးတဲ့အချိန်မှာ အာဇာနည် နေ့အားတယ်။ နီနီ့အတွက်လည်း ဒီလိုမျိုးရက်ရဖို့ဆိုတာ တော် တော်လေးခဲယဉ်းပါတယ်။ အဲဒီနေ့ကမြန်မာနိုင်ငံရဲ့အမှတ်တရ နေ့ ဖြစ်သလို အားလုံးရဲ့အားလပ် ရက်လည်းဖြစ်တဲ့အတွက် မမေ့နိုင်တဲ့ ရက်တစ်ရက်ပါပဲ’’ဟု ၎င်း ကပြောသည်။
ယင်းအခွေတွင် သီချင်း စုစုပေါင်း ၁၂ ပုဒ်ပါဝင်ပြီး ယခုနှစ်အတွင်း သီချင်းတစ်ပုဒ်တည်း ဖြင့် ဖြန့်ချိခဲ့သော ‘ဂယ်ဘဲ ဂယ်ဘဲ’သီချင်းကို ရီမစ်ဗားရှင်းဖြင့် ပြန်လည်ထည့်သွင်းထားကြောင်း နီနီခင်ဇော်ကပြောသည်။
‘‘ဆရာရွှေဂျော်ဂျော်ရေး ထားတဲ့ 'Super Red' ဆိုတဲ့ သီချင်းလေးရှိတယ်။ အဲဒီသီချင်း ကို အင်္ဂလိပ်လိုမပေးချင်တာနဲ့ ‘အနီရောင်’ဆိုပြီးပေးဖြစ်တာပါ။ ဒီတစ်ခေါက်တော့ ဂီတအမျိုး အစားတော်တော်စုံပါတယ်။ လူငယ်အကြိုက် ဂီတပုံစံတွေများ မယ်လို့ယူဆပါတယ်’’ဟု ၎င်းက ပြောသည်။
ထို့ပြင် ‘အနီရောင်’အော်ဒီ ယိုအခွေ ဝယ်ယူသူတိုင်းကို လက် ဆောင်အနေဖြင့် ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ်ဖြစ်သည့် ‘မလိုချင် ဘူးစစ်’ Music Video DVD ကို လက်ဆောင်ထည့်သွင်းပေးမည်ဖြစ်ကြောင်း နီနီခင်ဇော်ကပြော သည်။
‘‘မလိုချင်ဘူးစစ်သီချင်း လေးကို ကိုမောင်မောင်သာမြင့်ပဲ ရိုက်တာပါ။ ကမ္ဘာနဲ့တစ်ဝန်း အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခခံစားနေရတဲ့ ပြည်သူတွေအားလုံးရဲ့နေရာက ခံစားပြီး ရိုက်ထားတာပါ’’ဟု ၎င်းကပြော ကြားသည်။
‘အနီရောင်’စီးရီးစတင်ဖြန့်ချိ ပေးမည့် အာဇာနည်နေ့ညနေတွင် Junction Square ၏ ပရိုမိုးရှင်း ဧရိယာ၌ ၎င်း၏တစ်ကိုယ်တော် Mini Concert ပြုလုပ်မည်ဖြစ်သောကြောင့် ပရိသတ်များကို လာရောက်အားပေးစေလိုကြောင်း နီနီခင်ဇော်ကပြောသည်။
နီနီခင်ဇော်သည် ပထမဆုံးတစ်ကိုယ်တော်စီးရီး ‘မာရီယို’ကို ၂၀၁၃ တွင် ထွက်ရှိထားပြီး ပရိ သတ်အားပေးမှုရရှိသည့် စီးရီးဖြစ်သည်။
Credit : 7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...