iMyanmarHouse.com - Best Property Website for Myanmar
×

Sony Picturesရုပ်ရှင်ထုတ်လုပ်ရေး    ကုမ္ပဏီ သည် သရုပ်ဆောင်မင်းသားခရစ် ပရက်နှင့် သရုပ်ဆောင်မင်းသမီး ဂျနီဖာလောရင့်စ်တို့ပါဝင်သရုပ် ဆောင်မည့် Passengers အမည် ရ သိပ္ပံစိတ်ကူးယဉ်အချစ်ဇာတ် ကားကို ထုတ်လုပ်မည်ဟုသဘော တူညီခဲ့သည်။ Sony Pictures စတူဒီယိုဥက္ကဋ္ဌသစ်တွမ်ရော့သ် မန်းက အမေရိကန်ဒေါ်လာ သန်း ၁၂၀ အကုန်အကျခံရိုက်ကူးမည့် Passengers     ဇာတ်ကားကို နောက်ဆုံးတွင်ခွင့်ပြုလိုက်သည် ဟု The Wrap သတင်းကဖော်ပြ သည်။

ယင်းဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်မည့်ခရစ်ပရက်နှင့် ဂျနီဖာလောရင့်စ်တို့၏ အနုပညာ ကြေးများနှင့်ပတ်သက်သော အသေးစိတ်အကြောင်းအရာများ ကို The Hollywood Reporter သတင်းကဖော်ပြသည်။ ခရစ် ပရက်အား Passengers ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သည့် အနုပညာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၀ သန်းပေးမည်ဟု အစောပိုင်းက ကမ်းလှမ်းခံရသော်လည်း ၎င်းပါဝင်သရုပ် ဆောင်ထားသော JurassicWorld ဇာတ်ကားမှာ စံချိန်တွင် အောင်မြင်မှုရရှိခဲ့ပြီးနောက် အနုပညာကြေးမှာ ဒေါ်လာ ၁၂သန်းသို့တိုးမြင့်သွားခဲ့သည်။

 ဂျနီဖာလောရင့်စ်သည် ခရစ်ပရက်ထက် အနုပညာကြေးအမေရိကန်ဒေါ်လာရှစ်သန်းပိုမိုရရှိမည်ဟု The Holly wood Reporter သတင်းကဖော်ပြသည်။ ဂျနီဖာသည် Passengers ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သည့် အနုပညာကြေးအဖြစ် အမေရိကန်ဒေါ်လာသန်း ၂၀ ရရှိမည့်အပြင် ယင်းဇာတ်ကားအောင်မြင်သည့် အကျိုးအမြတ် မှ၃၀ ရာခိုင်နှုန်းကိုလည်း ခံစားခွင့်ရမည်ဖြစ် သည်။ ပြီးခဲ့သည့်နှစ်က Sony ဆိုက်တာ   တိုက်ခိုက်ခံရမှုမှ ပေါက်ကြားသော အီးမေးလ်များ အရ ဟောလိဝုဒ်လောကတွင် သရုပ်ဆောင်မင်းသမီးများသည် ၎င်းတို့နှင့်အတူ သရုပ်ဆောင် သည့် သရုပ်ဆောင်မင်းသားများ ထက် အနုပညာကြေး ပိုနည်းခဲ့ သည်။

Passengers ဇာတ်ကားကို The Imitation Game ဇာတ်ကားရိုက်ကူးခဲ့သည့် ဒါရိုက်တာ မော်တန်တိုင်ဒမ်က ရိုက်ကူးမည်ဖြစ်သည်။ လာမည့်စက်တင်ဘာလတွင် စတင်၍ရိုက်ကူးမည် ဖြစ်ပြီး ဇာတ်ကားမှာ ၂၀၁၆ တွင် ထွက်ရှိမည်ဖြစ်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top